Local News

၂၅ကျပ်၊ ၃၅ကျပ်နဲ့ ၇၅ကျပ်တန်တွေ တရားဝင်ငွေ အဖြစ်မှ ရပ်စဲလိုက်တဲ့ နှစ်ပါတ်လည်နေ့ပေါ့

၂၅ကျပ်၊ ၃၅ကျပ်နဲ့ ၇၅ကျပ်တန်တွေ တရားဝင်ငွေ အဖြစ်မှ ရပ်စဲလိုက်တဲ့ နှစ်ပါတ်လည်နေ့ပေါ့

အဲဒါ၁၉၈၇စက်တင်ဘာ(၅)ရက်ဒီနေ့နှစ်ပါတ်လည်ပေါ့ အဲ့တုန်းက အဖြစ်ဆိုးကြီး ပျက်သုန်းခဲ့ရတဲ့ ဘဝပေါင်းများစွာတွေ၊

အဲ့ထက်ဆိုးတယ်(ရိုင်းရိုင်းပြောရရင်) ခွက်ပြောက်ခဲ့ရ ​၊ နေစရာအိမ်ပါဖျက်ခဲ့ရ လမ်းဘေးသူများအိမ်အောက်ပါနေခဲ့ရတယ်၊

အသက်ရှင်ရက်ဘဝတွပစ်စလက်ခတ်မသေမရှင်…။ အဲဒီတုန်းကအကြောင်းတွေပြန်တောင်မတွေးချင်လောက်အောင် နာကျည်းခဲ့ရတယ်။

တချို့စိတ်ထိခိုက်ပီး​ ေ သဆုံးသွားတဲ့အထိ ရင်နာခဲ့ကြဖူးတယ်။ အဆောင်လခ ပေးကာနီးဆဲဆဲ၊ စားသောက်နေရင်း ငွေရှင်းကာနီး ဆဲဆဲ၊ ဆံသနေရင်း ဆဲဆဲ ထိုကြေညာချက်ကြောင့် ဆွံအ သွားရရှာတယ်။

မိမိလုပ်အားခ နဲ့ရတဲ့ လစာလေးတချို့ စက္ကူသာသာ စာရွက်လေးတွေ ဖြစ်ခဲ့ရတယ်။ ခုထိ ချွေးနည်းစာနဲ့ရှာထားတဲ့လုပ်အားခလေးမို့ မေ့မရနိုင်ဘဲ ခုချိန်ထိ သိမ်းဆည်းထားသူတွေလည်းရှိတယ်။

ယနေ့ဟာစက်တင်ဘာ (၅)ရက်​နေ့ ၂၅ကျပ် ၃၅ကျပ်နဲ့ ၇၅ကျပ်တန်တွေ တရားဝင်ငွေ အဖြစ်မှ ရပ်စဲလိုက်တဲ့ နှစ်ပါတ်လည်နေ့ပေါ့။

Credit