Sports

လက်ရှိ ချန်ပီယံချဲလ်ဆီး အသင်းကို အနိုင်ယူပြီး အိမ်ကွင်းမှာ အဖွင့်လှသွားတဲ့ အာဆင်နယ်အမျိုးသမီးအသင်း …

လက်ရှိ ချန်ပီယံချဲလ်ဆီး အသင်းကို အနိုင်ယူပြီး အိမ်ကွင်းမှာ အဖွင့်လှသွားတဲ့ အာဆင်နယ်အမျိုးသမီးအသင်း …

လန်ဒန်ဒါဘီ ပွဲစဥ်မှာ တော်တော်လေး အပြိုင်အဆိုင်ရှိပြီး အပြန်အလှန် သွင်းဂိုး တွေနဲ့ အကြိတ်နယ် ကစားခဲ့ကြပါတယ်။

အဖွင့်ဂိုးအနေနဲ့ အာဆင်နယ် အမျိုးသမီး အသင်းက မီဒမ်မာရဲ့ သွင်းဂိုးနဲ့ ပထမပိုင်း ပွဲပြီးခံနီးမှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်းက ချေဂိုးအဖြစ် ပြောင်းလဲ လိုက်ပါတယ်။ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကို Cuthbertက သွင်းယူနိုင်တာဖြစ်ပါတယ်။

ပွဲချိန် ပထမပိုင်း ရလဒ် ၁ – ၁နဲ့ လန်ဒန်ဒါဘီ ပွဲစဥ်ဟာ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ ရှိခဲ့ကာ ဒုတိယပိုင်းတော့ အာဆင်နယ် အမျိုးသမီးအသင်းက ဘက်မိဒ်အနေနဲ့ ၂ဂိုး ဆက် လှလှပပ သွင်းယူနိုင်ခဲ့ပါတယ် ဘက်မိဒ်ကတော့ ချဲလ်ဆီးအသင်းနဲ့ တွေ့တိုင်း ဂိုးမြူးတဲ့ ကစားသမားဖြစ်လို စုစုပေါင်း သွင်းဂိုး ၈ ဂိုးထိ ရှိလာပါတယ်။

ချဲလ်ဆီးအမျိုးသမီးအသင်းဘက်က ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ် တတိယ မြှောက်ဂိုး မရယူနိုင်ခဲ့ကာ ၃ – ၂ဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ချဲလ်ဆီးအသင်းအတွက် ဒုတိယ ချေပဂိုးအဖြစ် သွင်းယူခဲ့တာကတော့ ဟက်ဒါက ခေါင်းတိုက်သွင်းယူ ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးရလဒ် – အာဆင်နယ် (W) ၃-၂ ချဲလ်ဆီး(W)

Photo Credit To Owner
Internet Source
SportsGaber