Sports

မိခင်ဖြစ်သူ ဒိုလိုရိစ်ကို ပွဲကြည့်ရှုခွင့် တားမြစ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ – ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တတ် ဂန္တဝင် ကစားသမား ဟောင်း ရော်နယ်ဒိုဟာ အီတလီကလပ် ဂျုဗင်တပ်အသင်းကနေ ယူနိုက်တတ်အသင်းဆီ ပြန်လည် ရောက်ရှိခဲ့ပါတယ် ၊ ရောက်ရှိလာခဲ့တဲ့ အပေါ်မှာလည်း ပရိတ်သတ်တွေရဲ့ အချစ်တွေကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကာ တကျော့ပြန် အိမ်ပြန်ခရီး လှပခဲ့ပါတယ်။

ရော်နယ်ဒို ကတော့ လာမည့် ပွဲစဥ် စတင်ဘာ ၁၁ရက်နေ့ နယူးကာဆယ်နဲ့ ယှဥ်ပြိုင်ကစားမည့် ပွဲမှာ ယူနိုက်တတ်အသင်းအတွက် ပါဝင်လာဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလိုရိစ်ကတော့ ထို့ ပွဲစဥ်တွေကို ကြည့်ရှုရမှာမဟုတ်ပါဘူး၊ ထို့ကြည့်ရှုခွင့်ကိုလည်း သားဖြစ်သူ ရော်နယ်ဒိုကိုယ်တိုင်း ပိတ်ပင်ထားကြောင်းသိရပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်း မိခင် ဒိုလိုရိစ်ကို ကြည့်ရှုခွင့်တားမြစ်ထားတဲ့ အကြောင်းကို သတင်းထောက် တစ်ယောက် ဖြစ်သူ ဖော်ဂန်က ပြောဆိုရေးသားလာပါတယ်။

ရေးသားထားတာကတော့ “ကျနော်အောင်မြင်လာတဲ့ စွမ်းရည် ခြေစွမ်းပိုင်းတွေဟာလည်း မိခင်ရဲ့ ထောက်ပံမှုတွေ ပံပိုးပေးတဲ့ ရလဒ်တွေပါပဲ ၊ကျနော် ဖြစ်ချင်တာကို လုပ်ခွင့်ပေးခဲ့ပါတယ် ကျနော် အသက် ၁၂ အရွယ်လောက်က စပိုတင်းအသင်းကို သွားကစားမှာကိုလည်း ခွင့်ပြုပေးခဲ့လို ကျနော်အိပ်မက်တွေ ခုလို တကယ်ဖြစ်လာတာပါ

ကျနော်အမေဟာ ကျနော်အတွက်ထာဝရ ပရိတ်သတ် ဖြစ်သလို့ ချစ်ရဆုံး မိခင်လည်းဖြစ်ပါတယ်။ကျနော် ပွဲစဥ်တွေကို တားမြစ်တာကလည်း သူမရဲ့ အခြေနေကြောင့် ပိတ်ပင်ရတာပါ ၊တခါကဆို ကျနော်ကန်တဲ့ ပွဲကို ကြည့်နေရင်း သတိလစ် မေ့သွားသေးပါတယ် ၊ နောက်ခါကဆို အားပေးရင် မူးလဲလို ဒဏ်ရာအနာတရရရှိခဲ့ပြီ သွားလည်းကျိုးခဲ့ကြောင်း ရေးသား ဖော်ပြထားပါတယ်။

ရော်နယ်ဒို အနေနဲ့ ဖခင်မရှိတော့တဲ့အတွက် မိခင်ဖြစ်သူ ဒိုလိုရိစ်ကို အရေးကြီးတဲ့ ပွဲစဥ်တွေ စိတ်လှုပ်ရှားမူဖြစ်စေနိုင်တဲ့ ပွဲစဥ်တွေကို မိခင်ရဲ့ကျန်းမာရေးအ​ခြေနေကို စိတ်ပူလို့ တားမြစ်ထားတာလည်းဖြစ်ပါတယ်။

လာမည့်ပွဲစဥ်မှာလည်း ယူနိုက်တတ် အသင်းအတွက် အဖွင့်ပွဲ စကန်ဖွယ်ရှိလို့ မိခင် ဒိုလိုရိစ်ကိုပွဲကြည့်ခွင့်တားမြစ်ထားကြောင်းသိရပါတယ်။

Photo Credit To Owner
Internet Source
SportsGaber