Celebrity

သုသာန်မှာ စွန့်ပစ်ခံထားရတဲ့ လသားအရွယ် ကလေးငယ်လေးကို မွေးစား စောင့်ရှောက်ပေးမယ့် ခိုင်နှင်းဝေ

မနေ့ ညနေပိုင်းလောက်က ရေဝေး သုသာန်မှာ လသားအရွယ် ကလေးငယ်လေး တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ စိတ်မကောင်းစရာ ပို့စ်လေးတစ်ခုကို တွေ့ရပါတယ် ။ ဒီပို့စ်ကို တွေ့တွေ့ချင်း ပြည်သူတွေ အားလုံးကလည်း စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသလို ကလေးငယ်လေးအတွက်လည်း စိတ်ပူပန်ခဲ့ကြပါတယ် ။

ကလေးက အရမ်းလည်း ငယ်သေးသလို ခြင်းထဲထည့်ကာ ပစ်ထားခဲ့တာကြောင့် ပုရွက်ဆိတ်တွေလည်း ကိုက်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ် ။ ကလေးအတွက် အဆင်ပြေစေရန် မိဘမဲ့ ကလေးတွေကို မွေးစား စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဆီ အကူအညီတောင်းခံ ခဲ့တယ်လို့လည်း သိရပါတယ် ။

ခိုင်နှင်းဝေကလည်း စိတ်မကောင်းအတော်လေးဖြစ်ကာ ကလေးနဲ့ ပတ်သက်ပြီး စုံစမ်းစရာရှိတာတွေ စုံစမ်းပြီး ခေါ်ယူ စောင့်ရှောက်ပေးမှုတွေ လုပ်ပေးမယ်လို့ သိရပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

Credit