Sports

ပေါလ်မာ ဆင် ပြောတဲ့ အကောင်းဆုံး ခေါ်ယူမှု ကစားသမား (၅)ယောက်

ပေါလ်မာ ဆင် ပြောတဲ့ အကောင်းဆုံး ခေါ်ယူမှု ကစားသမား (၅)ယောက်…

နွေစျေးကွက်မှာ အပြောင်းရွှေ့မပိတ်ခင်ထဲ ဖန်ပရိတ်သတ်အတွက် ရင်ခုန်လှုပ်ရှားစေတဲ့ အပြောင်းအရွှေ့တွေလည်းဖြစ်ခဲ့ပါတယ်၊ ဥပမာအနေနဲ့ ရော်နယ်ဒို မန်စီးတီး အသင်းကို ရောက်ရှိဖို့ ရာနှုန်း ပြည့်ခဲ့တဲ့ စတဲ့ သတင်းတွေပေါ့။

နွေစျေးကွက်ရာသီ ပိတ်သိမ်းချိန်မှာတော့ ပရီးမီးယားလိဂ်အသင်းတွေမှာ အကောင်းဆုံးကစားသမားခေါ်ယူနိုင်ခဲ့တဲ့ ၅ ယောက် စားရင်းကို ပေါလ်မာဆင်က သုံးသပ်ဖော်ပြ လိုက်ပါတယ်။

(၅) ရော်နယ်ဒို (မန်ယူအသင်း)

ယူနိုက်တတ်အသင်းဟာ ရော်နယ်ဒို ခေါ်ယူတာက မန်စီးတီး က ခေါ်တော့မှာမလို့ ခေါ်ယူတာပါ ရော်နယ်ဒို အနေနဲ့ ဂိုးတွေသွင်းနိုင်လိမ့်မယ် ဒါပေမယ့် ပရီးမီးယားလိဂ် ဖလားတော့ ရယူပေးနိုင်မှာမဟုတ်ပါဘူး သူက ဂိုးသွင်းဖို့ သက်သက်ပဲ ရတော့မှာပါ ခံစစ် နောက်တန်းတွေ ဖြတ်ကျော် လိမ်ခေါက်သွင်းယူဖို့တော့ မလွယ်ပေါင်ပါဘူး။

(၄)အဒီမိုလာ လွတ်မန်း (လက်စတာစီးတီးအသင်း)

တိုက်စစ်မှုး လွတ်မန်းကတော့ ပြီးခဲ့ရာသီက ဖူလ်ဟမ်အသင်းရဲ့ အားကိုးအားထား ဖြစ်ရတဲ့ တိုက်စစ်မှုး တယောက်အဖြစ်နဲ့ တောက်ပခဲ့တဲ့ တိုက်စစ်မှုး ကစားသမားလည်းဖြစ်ပါတယ်။

(၃) ဒနိနီအင့်စ် (အန်စတွနိဗီလာအသင်း)

ဒန်နီအင့်စ်အနေနဲ့ ထိပ်တန်း အသင်းတွေမှာ ကစားနိုင်တဲ့ သူလည်းဖြစ်ပါတယ်၊ ဒီရာသီ မှာ ဗီလာအသင်းအတွက် သွင်းဂိုး ၁၅ဂိုးလောက်ထိ ရယူပြနိုင်လိမ့်မယ် ၊ ဗီလာအသင်းအနေနဲ့ တဆင့်မြင့်လာမယ့် အနေထားမှာပဲရှိပါတယ်။

(၂) ရာဖေး ဗာရန်း (မန်ယူအသင်း)

ယူနိုက်တတ် အသင်းရဲ့ နောက်တန်းဟာ ပြီးခဲ့တဲ့ရာသီတွေက ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းတွေ အားရကျေနပ်စရာ မရှိလှပါဘူး။

အလိုအပ်ချက်အနေနဲ့ တန်ပြန် တိုက်စစ် လုပ်ခဲ့အခါ ပိုဆိုးဝါးနေတာပါ၊ ခုခံတဲ့နေရာတွေ အမြဲဆိုသလို ပြိုင်ဘက်အသင်းရဲ့ ကျော်လွားခံနေကတာများပါတယ်။

ဒါပေမယ့် ဒီရာသီမှာ ဗာရန်း ရောက်ခဲ့တဲ့ ယူနိုက်တတ် နောက်တန်း အနေနဲ့ ဒီပြသနာတွေကို ဖြေရှင်းနိုင်မှာပါ။

ဥပမာ ဝှဗ်နက် ပွဲစဥ်မှာ တန်ပြန်တိုက်စစ်ကို ခုခံကာကွယ်နိုင်လိုက်တာပါ၊ ဗာရန် ကို မကျော်နိုင်ခဲ့တာတွေ မြင်ခဲ့ရပါတယ်။

(၁)လူကာကူ (ချဲလ်ဆီးအသင်း)

ချဲလ်ဆီးအသင်းကတော့ တကယ်ကောင်းမွန်တဲ့ ခေါ်ယူမှု လုပ်နိုင်ခဲ့တာပါ၊ ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် ဖလား ရခဲ့တယ်ဆိုလည်း အဲ့ဒါဟာ စစ်တိုက်မှူး လူကာကူ ကို ခေါ်ယူနိုင်ခဲ့တဲ့ ရလဒ် ပါပဲ၊

လူကာကူ အနေနဲ့ ချဲလ်ဆီအသင်းအတွက် သွင်းဂိုးတွေ ပရိတ်သတ် တွေ မြင်တွေ့ရမှာပါ။

Photo Credit To Owner
Internet Source
SportsGaber