Celebrity

ချစ်သူသက်တမ်း (၁၂) နှစ်ပြည့်သွားပြီဖြစ်တဲ့ အောင်လအန်ဆန်တို့ ဇနီးမောင်နှံ

Burmese Python လို့တင်စားခေါ်ဝေါ်ရတဲ့ အောင်လအန်ဆန်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လက ကျင်းပခဲ့တဲ့ ATAIDES နဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် (၂)ခုကို စွန့်လွှတ်လိုက်ခဲ့ရတဲ့ အောင်လအန်ဆန်က တစ်ကျော့ပြန် ချန်ပီယံဖြစ်ဖို့အတွက် လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေ အပြင်းအထန် ပြုလုပ်နေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း အောင်လအန်ဆန်းက သူ့ရဲ့မိသားစုကို အချိန်ပေးပြီး ဂရုစိုက်နေတာ တွေ့ရပါတယ်။

အောင်လအန်ဆန်က သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်က ကလေးတွေအပေါ်မှာ ဖခင်တစ်ယောက်ရဲ့မေတ္တာတွေ အပြည့်အဝပေးထားသလို ဇနီးဖြစ်သူအပေါ်မှာလည်း ခင်ပွန်းကောင်းပီသနေတာ ဖြစ်ပါတယ်။

ယနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာတော့ အောင်လအန်ဆန်က သူတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ပုံတစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

ချစ်သူဘဝကတည်းက အတူရှိခဲ့တာ (၁၂)နှစ်တောင်ရှိသွားပြီဖြစ်တဲ့ အောင်လအန်ဆန်တို့ဇနီးမောင်နှံက ယနေ့မှာပဲ အိမ်ထောင်သက်တမ်း (၈)နှစ်ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်လက သူ့ရဲ့ချစ်ဇနီးကို “I love growing old with you” ဆိုပြီး ကြင်ကြင်နာနာ စကားလေးတစ်ခွန်းဆိုလိုက်တာ ဖြစ်ပါတယ်။

မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးနဲ့အမှတ်တရတွေကို ပြသလာတဲ့ အောင်လအန်ဆန်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit Myanmarload

Credit Myanmarload