Sports

တိုက်စစ်မှုးနေရာက ရော်နယ်ဒို လိုလားတဲ့နေရာ ဟုတ်လိုလား – ဒီကာနီယို

တိုက်စစ်မှုးနေရာက ရော်နယ်ဒို လိုလားတဲ့နေရာ
ဟုတ်လိုလား – ဒီကာနီယို

မန်ချက်စတာ ယူနိုက်တတ် အသင်းအနေနဲ့ ရော်နယ်ဒို ကို အထောင်တိုက်စစ်မှုးအဖြစ် အကောင်းဆုံးနေရာ ထားရှိဖို့ နည်းပြဆိုးလ်ရှား ဦးတည်နေပေမယ့် ကစားသမား ဖြစ်တဲ့ ရော်နယ်ဒိုဟာ အထောင်တိုက်စစ်မှုးအဖြစ် ကစားဖို့ နည်းပါးတယ်လို့ ဝက်စ်ဟမ်း ကစားသမားဟောင်း ဒီကာနီယိုက ပြောဆိုပါတယ်။

ဒီကာနီယိုကတော့ “ရော်နယ်ဒို အနေနဲ့ အရင် ကစားခဲ့တဲ့နေရာမှာပဲ ကစားလိုကြောင်း ပြောဆိုရင်းနဲ့ ယူနိုက်တတ် ဘဝစမှာ အောက်မြင်ခဲ့တဲ့ ဘယ်တောင်ပံ တိုက်စစ်ကနေ ပြိုင်ဘက်အသင်းတွေကို ဖြတ်ကျော်ပြခဲ့ပါတယ်။

ရော်နယ်ဒို ရောက်ရှိလာတဲ့အပေါ် ယူနိုက်တတ် အသင်း တိုးတတ်လာမှာပါ၊ယူနိုက်တတ်အသင်းအနေနဲ့ ရော်နယ်ဒို လိုလားတဲ့ ဘယ်တောင်ပံ တိုက်စစ်နေမှာ ကစားစေဖို့က နည်းပြဆိုးလ်ရှား အတွက် အဖြေရှာရမှာပါ၊ ဘယ်တောင်ပံတိုက်စစ်မှာ နွေစျေးကွက်က ခေါ်ယူခဲ့ ဆန်ချို ရှိသလို ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် လည်း ရှိနေပါတယ်။

ကျွန်တော်ကတော့ ရော်နယ်ဒိုကို ဘယ်တောင်ပံ တိုက်စစ်နေမှာပဲ ကစားတာပို မြင်ချင်တယ်၊ အထောင်တိုက်စစ်မှုးနေရာအနေနဲ့ မိုဗစ်တုန်းကလို အားထားရမလားဆိုတာက ကစားသမားတွေနဲ့ အချိတ်အဆက် လိုက်ဘက်ညီမှုတွေနဲ့ ရလဒ်ကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။”

လာမည့် စတင်ဘာလ ၁၁ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာတော့ ယူနိုက်တတ် နဲ့ နယူကာဆယ်အသင်းတို့ယှဥ်ပြိုင်ကစားမယ့်ပွဲစဥ်မှာ ရော်နယ်ဒို ဟာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ ပါဝင်လာဖွယ်ရှိပါတယ်။

Photo Credit To Owner
Internet Source
SportsGaber