Local News

D-Day နဲ့ ပတ်သတ်ပြီး ပြည်သူတွေကို မြောက်ပင့်တာ မလုပ်သင့်ကြောင်း စစ်ကောင်စီပြော…

D-Day နဲ့ ပတ်သတ်ပြီး ပြည်သူတွေကို မြောက်ပင့်တာ မလုပ်သင့်ကြောင်း စစ်ကောင်စီပြော

သူတို့အနေနဲ့ကတော့ဗျာ D Day စပြီမဟုတ်ဘူး၊ဖေဖော်ဝါရီလ  ရက်နေ့ကတည်းက ဟိုနေ့စမယ်၊ ဒီနေ့စမယ်နဲ့လုပ်နေတဲ့အတိုင်းအတာတစ်ခုပါ။

အခုဟာက ကုလသမဂ္ဂမှာ ညီလာခံလည်းနီးလာ တဲ့အချိန်မှာ လုပ်တာပဲဖြစ်မှာပါ။ ကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေအရ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့သ လိုပဲ တစ်နိုင်ငံလုံးမှာတော့ အပြည့်အဝတော့ မရသေးဘူး။သို့သော် ဖမ်းဆီးရမိမှုတွေပြည်သူလူထုရဲ့ ဖော် ထုတ်ချက်တွေ၊ ပူပေါင်းချက်တွေကြောင့်

တော်တော်များများမှာ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ပတ်သက်ပြီး တိုး တက်ထားရှိပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ပြည်သူလူထုကို ထိခိုက်စေနိုင်တဲ့နေရာတွေမှာအချိန်ကိုက်မိုင်း တိုက်ခိုက်တာ၊လုပ်လာနိုင်ပါတယ်။ဒါတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်သူပဲ လုပ်လုပ် ဖော်ထုတ်ဖမ်းဆီးနိုင်တာတို့၊ နောက်ဆက်တွဲသတင်းတွေအရ ဆက်စပ်ဖော်ထုတ်တာတို့ ရရှိပြီးဖြစ်ပါ တယ်။

ကာကွယ်ရေး လုံခြုံရေးနဲ့ပတ်သက်ပြီးလည်းတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျန်တဲ့မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ စိစစ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဘာမှထူးပြီးစိုးရိမ်ထိတ်လန့်နေ စရာမလိုပါဘူး။ ဒါပေမဲ့ သတိရှိဖို့တော့လိုပါတယ်။ မနေ့က ရန်ကုန်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်လိုမျိုးဘောဂသိဒ္ဓိမှာ ဖြစ်ခဲ့တာဆိုရင် အပြစ်မဲ့ပြည်သူသေဆုံးသွားတာပေါ့။ ဗုံးကိုထောင်ချင်တဲ့နေရာမှာထောင်ပြီး စစ်ရေးနေရာ လည်းမဟုတ်ဘူး၊ လုံခြုံရေးနေရာလည်း မဟုတ်ဘူး။

အရပ်သားတွေရဲ့နေရာမှာ ထောင်ချင်တဲ့နေရာမှာထောင်ထားခဲ့တယ်။ အဲဒီလုံခြုံရေးတစ်ယောက်နဲ့အပြစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတဲ့ဖြစ်စဉ်ရှိတယ်။ ဒီလိုမျိုးတွေလုပ်လာနိုင်တယ်။ သတိရှိဖို့လိုပါတယ်။

Credit