Sports

အရန်ခုံမှာထိုင်ရပေမယ့် အကောင်းမြင်စိတ်ရှိကြောင်းပြသသွားတဲ့ – ဗန်ဒီဘိဒ်ရဲ့ရင်ဖွင့်စကား

ကျွန်တော် မကစားရဘူးဆိုပေမယ့် အသင်းဖော်တွေ ကစားတာကို အားပေးရင်း အသင်းသားတွေနဲ့အတူကြိုစားနေမှာပါဆိုတဲ့ – ဗန်ဒီဘိဒ်

ယူနိုက်တတ်အသင်းဟာ အသက် ၂၄ အရွယ် ကွင်းလယ် ကစားသမား ဗန်ဒီဘိဒ် ကို အေဂျက်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ခေါ်ယူနိုင်ခဲ့ပါတယ်။

ယူနိုက်တတ် အသင်းကိုရောက်ရှိလာခဲ့ပေမယ့် အသင်းအတွက် ပွဲထွက်ခွင့် အနည်းငယ်သာရရှိခဲ့ကာ အရံကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။

ဗန်ဒီဘိဒ်အနေနဲ့ ယူနိုက်တတ်မှာ ပွဲထွက်ခွင့် မရတဲ့အပေါ်မှာ ယူနိုက်တတ် ကစားသမားဟောင်း သူ ဖာဒီနန်က အင်တာဗျူးမှာ မေးမြန်းလာခဲ့ပါတယ်။

ဗန်ဒီဘိဒ်ကတော့”ကျနော် ပွဲထွက်ခွင့် မရတာက ဆိုးဝါးလွန်းတဲ့ အနေထာမှာ ရင်ဆိုင်နေရတာပါ၊ အသင်းသားတွေ ကစားတာကို အရံခုံကနေ ကျနော်ကြည့်နေရတာပါ ၊ မပါဝင်ရလို့ ဒေါသအနည်းငယ်တော့ ကစားသမားတိုင်းဖြစ်ကြတာပါပဲ ၊ ဒေါသဖြစ်လို့ဆိုပြီ အသင်းကိုစိတ်ဆိုးတာ မရှိပါဘူး အသင်းသားတွေနဲ့အတူ အကောင်းမွန်ဆုံးဖြစ် ကျနော်ကြိုးစားနေပါတယ်။

မကစားရလို့ စိတ်ဆိုးမယ် ၊ လေ့ကျင့်ရေးကောင်းကောင်းမလုပ်ဘူးဆိုရင် ကျနော်၊ ယူနိုက်တတ် အသင်းမှာ ပါဝင်ဖို့ အခွင့်ရေး ရခဲ့ရင်တောင် သက်သေပြ နိုင်မှာ မဟုတ်ဘူး၊ ကျနော် ခြေစွမ်းတွေပြသဖို့ဆိုတာလည်း ပွဲထွက်ခွင့်တွေ လိုအပ်ပါတယ် ကျနော်အနေနဲ့ ပွဲထွက်ခွင့် ထိုက်တန်ကြောင်း ပြချင်တယ်။

နည်းပြဆိုးလ်ရှားကတော့ ကျနော်ကို လိုအပ်ကြောင်း ပြသပေမယ့် ပွဲထွက်ခွင့် မရတဲ့ကိစ္စအပေါ်မှာ ပိုပြီးကြိုးစားရမှာပါဘဲ ၊ တကယ်လိုအပ်နေတဲ့ ပွဲထွက်ခွင့် ရမှ ခြေစွမ်းပိုင်းနဲ့ရလဒ်ပိုင်းတွေကို မြင်ရမှာပါ၊ မြင်ရဖို့လည်း ကစားခွင့်လိုအပ်နေတာပါ ၊ တလ တပွဲလောက် ပွဲထွက်ခွင့်ရရင်တော့ ကစားသမားတယောက်ဟာ ခြေစွမ်းပိုင်းပြသဖို့ ခက်ခဲစေသလို့ ၊ ကျနော်လည်း ပြသနိုင်လိမ့်မဟုတ်ဘူးလို”ဗန်ဒီဘိဒ် က ဖြေကြားခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber