Sports

ထွက်ခွာဖို့ အဆင်သင့် ဖြစ်သွားခဲ့တဲ့ ယူနိုက်တတ် တိုက်စစ်မှူး ကာဗာနီ…

ထွက်ခွာဖို့ အဆင်သင့် ဖြစ်သွားခဲ့တဲ့ ယူနိုက်တတ် တိုက်စစ်မှူး ကာဗာနီ…

ကာဗာနီ ဟာ PSG အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ခဲ့ကာ စာချုပ်ထပ်မံချုပ်ဆိုမှုမရှိပဲ ပရီးမီးယားလိဂ် ယူနိုက်တတ်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ရောက်ရှိခဲ့ပါတယ်။

ယူနိုက်တတ် အသင်းအတွက် ပြိုင်ပွဲပေါင်း ၃၉ပွဲ ကစားပေးထားကာ သွင်းဂိုး ၁၇ဂိုးထိ ရယူပေးနိုင်ခဲ့ပါတယ်၊

ဒီရာသီမှာ တော့ အသင်းဟောင်းကို ပြန်လည်ခြေချခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပြန်လည်ရောက်ရှိလာခဲ့တဲ့

အပေါ်မှာ သူရဲ့ ကျောနံပါတ် ၇ကိုလည်း ရော်နယ်ဒို ထံ သဘောထားကြီးကြီးနဲ့ လွှဲပြောင်းပေးခဲ့တဲ့ တိုက်စစ်မှုး လည်းဖြစ်ပါတယ်။

ယူနိုက်တတ် စစ်တိုက်မှူး ကာဗာနီကတော့ နွေစျေးကွက်မှာ ယူနိုက်တတ် အသင်းကနေ ထွက်ခွာဖို့ သတင်းများထွက်ပေါ်ခဲ့လို ပြောင်းရွှေ့မယ့် အာဂျင်

တီးနားကလပ် ဘိုကာဂျူနီယာအသင်းနဲ့ သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သတင်းများကဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် ကာဗာနီကတော့ ယူနိုက်တတ် အသင်းမှာ ကျောနံပါတ် ၂၁ ဝတ်ဆင်ကာ နွေရာသီမှာတော့ ယူနိုက်တတ် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ မရှိဘဲ

တောင်အမေရိကကို ပြန်မှာဖြစ်ကြောင်းနဲ့  လာမယ့်နှစ်မှာ ဘိုကာဂျူနီယာအသင်းထံရောက်ရှိမှာဖြစ်တယ်လို့ Caught Offside သတင်းကဆိုပါတယ်။

Photo Credit To Owner
Internet Source
SportsGaber