Sports

ယူနိုက်တတ်အသင်းထံမှာ ကြီးမားစေခဲ့တဲ့ အမှားတခု ကျုးလွန်မှုရှိခဲ့ကြောင့် ဝန်ခံလာတဲ့ -ဂျိမ်းစ်

ရိုင်ယန်ဂစ် ဦးဆောင်နေတဲ့ ဝေးလ် လက်ရွေးစင်အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒန်နီယယ် ဂျိမ်းစ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရောက်ရှိ နေခဲ့စဥ် အမှား တစ်ခု ကျူးလွန်မိခဲ့ကြောင်း ဝန်ခံ ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ်ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းကို အိုလီ ဂန်နား ဆိုးလ်ရှာ ကိုင်တွယ်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ နော်ဝေသား နည်းပြ ခေါ်ဆောင်လာခဲ့တဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ရ ပါတယ် ။

အဆိုပါ အချိန်တုန်းက ယူနိုက်တက်တို့ဟာ ဂျိမ်းစ် အတွက်် ဆွမ်ဆီး အသင်းဆီကို ပေါင် 15 သန်း ပေးချေ ခဲ့ရပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် စတင် ကစားပေးခဲ့ရာမှာ ပုံစံကောင်း ပြသပြီး ဂိုးတွေလည်း သွင်းယူပေးနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပုံမှန် ပွဲထွက် ကစားခွင့်တွေ ရရှိပြီးနောက် ဂျိမ်းစ်ဟာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အတွက် ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အသင်းမှာ သူ့ရဲ့ ပွဲထွက် ကစားခွင့် မိနစ်တွေဟာ အကန့်အသတ် ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ဒီနွေမှာ ဒန်နီယယ် ဂျိမ်းစ်ကို ပရီးမီးယားလိဂ် ပြိုင်ဖက် လိဒ်စ် ယူနိုက်တက်အသင််းဆီ ပေါင် 25 သန်းနဲ့ ရောင်းချ သွားခဲ့ပါပြီ ။ အခုတော့ ဂျိမ်းစ် က သူဟာ ယူနိုက်တက် အသင်းမှာ လုံခြုံမှု ရှိအောင် ကစားခဲ့မိကြောင်း ၊ စွန့်စားမှုအပြည့်နဲ့ မကစားခဲ့ကြောင်း ဝန်ခံ သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် လက်ရှိ ဘာလုပ်မိသလဲဆိုတာတွေကို အခုအချိန််မှာ ကောင်းကောင်း မသိနိုင်ပေမယ့် အတိတ်ကို ပြန်လှည့်ကြည့်ရတဲ့ ရက်စွဲ တစ်ခု ပိုင်ဆိုင်သွားရင်တော့ ငါ ဘာတွေ လုပ်ခဲ့မိလဲ ဆိုတာ လူတိုင်း တွေးတော သိမြင်လေ့ ရှိတတ်ကြောင်း ၊ အချိန်လွန်မှ နားလည်တတ်ကြောင််း ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

” လူတိုင်းလူတိုင်းက နောက်ပြန် လှည့်ကြည့်ရတဲ့ အချိန် တစ်ခု မကြုံသေးခင် အထိ သူတို့ ဘာတွေ လုပ်ဆောင်ခဲ့ကြသလဲ ဆိုတာကို မသိနိုင်တဲ့ အခိုက်အတန့် ပိုင်ဆိုင်ကြတယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ဒါတွေကို ခွဲခြမ်းစိတ််ဖြာဖို့ အတွက် ခင်ဗျားရဲ့ အနားမှာ လူ​ကောင်းတွေ အများကြီး ရှိနေတတ်ကြပါတယ် ”

” ကျွန်တော်တို့တွေဟာ ကိုယ်တိုင် ဘာတွေလုပ်နိုင်သလဲ ၊ ကိုယ့်ရဲ့ ပွဲစဥ်တွေကို ကိုယ်တိုင် ဘယ်လို ကစားမလဲ ဆိုတာထက် ‘ သူလုပ််ပြတာတွေထဲက ငါ ဘာလုပ်နိုင်လဲ ? ‘ ဆိုပြီး အခြားသူတွေကို အတုခိုးတတ်ကြပါတယ် ။ ကျွန််တော် ကွင်းထဲ လုံခြုံအောင် (safe game) ကစားခဲ့တဲ့ချိန် အခြားသူတွေ အကြောင်းပဲ တွေးတောမိခဲ့ ပါတယ် ”

” ကျွန်တော့်ရဲ့ အားသာချက် ဖြစ်တဲ့ တိုက်ရိုက် ကစားခြင်း ၊ ပြိုင်ဖက်တွေကို ဖြတ််ကျော်ခြင်း ၊ ဘောလုံးကိုင် ကစားခြင်း ၊ အသစ်အဆန်း လုပ်ဖို့ ကြိုးစားအားထုတ််ခြင်း ၊ ဘောလုံး ဆုံးရှုံးရမှာကို မကြောက်ခြင်း ၊ အဲ့တာတွေကို လုပ်ဆောင်နေခဲ့သင့်ချိန်မှာ ကျွန်တော် မလုပ်နိုင်ခဲ့ပဲ safe play တွေပဲ ကစားတာ များခဲ့ရ ပါတယ် ”

” အခု ကျွန်တော့်ကိုယ် ကျွန်တော် နောက်ပြန် ကြည့်ချိန်မှာ ကျွန်တော် တိုက်ရိုက် ကစားတဲ့ ကစားသမား ဖြစ်ခဲ့သင့်တယ်ဆိုတာ သိမြင်ခဲ့ရ ပါတယ် ။ ကျွန်တော် ကစားတဲ့ နေရာမှာ ကစားပြီး safe play လုပ်နေမယ်ဆိုရင် ဒါဟာ တကယ့်ကို အန္တရာယ် များလွန်းလှ ပါတယ် ”

” ကျွန်တော် safe play ဖို့ ဒီနေရာမှာ ရှိနေတာ မဟုတ်ပါဘူး ။ ကျွန်တော်က ဂိုးတွေ သွင်းယူဖို့ ၊ ဂိုးတွေ ဖန်တီးဖို့ ၊ ပြိုင်ဖက်တွေကို ကျော်ဖြတ် ပြေးလွှားဖို့ အတွက် အခုလို တောင်ပံ တိုက်စစ် နေရာမှာ ကစားနေရတာလေ ” လို့ ဒန်နီယယ် ဂျိမ်းစ် က ယူနိုက်တက် အသင်းမှာ လုပ်မိခဲ့တဲ့ အမှားကို ဝန်ခံ သွားခဲ့လိုက် ပါတယ် ။

Credit – Sports_Myanmar