Local News

“အင်တာနက်ဖြတ်တောက်မှုတွေရှိလာပါက Radio NUGကို နားဆင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေလာတဲ့ ပန်ဆယ်လို”

“အင်တာနက်ဖြတ်တောက်မှုတွေရှိလာပါက Radio NUGကို နားဆင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေလာတဲ့ ပန်ဆယ်လို”

အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူအားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေကြသလို အနုပညာရှင်တွေနဲ့ celeအချို့လည်း တက်ကြစွာပါ၀င်နေကြတာကို တွေ့ရပါတယ် ။

လူသိများတဲ့ celeတစ်ယောက်ဖြစ်တဲ့ ပန်ဆယ်လိုကလည်း အရေးတော်‌ပုံအောင်နိုင်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေတာဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်….။

ဒီကနေ့မှာဆိုရင်လည်း NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက်မှာ စစ်ဆေးမှုတွေလည်းတင်းကြပ်လာပြီး တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကာ တစ်ဖက်နဲ့တစ်ဖက်တင်းမာမှုတွေ ရှိလာနေတာတွေ့ရပါတယ်။

အခုလို အခြေအနေတင်းမာလာမှုတွေကြောင့် အင်တာနက်ဖြတ်တောက်မှု၊ ဖုန်းလိုင်းဖြတ်တောက်မှုတွေလည်း အချိန်မရွေးဖြစ်လာနိုင်ကြောင်းကို ပြည်သူတွေအနေနဲ့ သတိချပ်ကြဖို့လိုပါတယ်။

အင်တာနက်ဖြတ်တောက်မှုတွေရှိလာပါက သတင်းစီးဆင်းမှုရပ်တန့်မသွားအောင် ပန်ဆယ်လိုက သူမရဲ့ Facebookစာမျက်နှာကနေတစ်ဆင့်  Radio NUGကိုနားဆင်နိုင်ရန် နည်းလမ်းမျှဝေလာပါတယ်။

အကြောင်းအရာအရ SW (short wave) Radio ဖြင့် အောက်ပါလိုင်းတွေမှာမနက် ၈နာရီ နှင့် ည ၈နာရီအချိန်တို့တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။


25m 12 Mhz
16m 17.71 Mhz
19m 15.30 Mhz
25m 11.84 Mhz ဆိုပြီးဖြစ်ပါတယ်။