Sports

ထာဝရဂိုးသွင်း စံချိန်တင်ထားတဲ့ ရွန်းနီကို ကျော်ဖြတ်ပြတော့မယ့် – ဟယ်ရီကိန်း

ထာဝရဂိုးသွင်း စံချိန်တင်ထားတဲ့ ရွန်းနီကို ကျော်ဖြတ်ပြတော့မယ့် – ဟယ်ရီကိန်း

ပရီးမီးယားလိဂ် ယူနိုက်တတ် တိုက်စစ်မှူး ဟောင်း ရွန်းနီဟာ အဂ်လန်အသင်းမှာ ထာဝရ ဂိုးသွင်း စံချိန် ဖြင့် နံပတ် ၁ နေရာကနေ သွင်းဂိုး ၅၃ဂိုးနဲ့ ရပ်တည်နေတဲ့ တိုက်စစ်မှုး လည်းဖြစ်ပါတယ်။

ရွန်းနီရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ အလားအလာကောင်းနေတဲ့ တိုက်စစ်မှုး တယောက် အဆင့် ၅ နယ်ပယ်တခုမှာ ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်၊


အဆင့်၅ စံချိန် ရပ်တည်နေတဲ့ ယူနိုက်တတ် တိုက်စစ်မှူး ဟောင်း အိုဝင်နဲ့ အပြိုင်ရပ်တည်လာခဲ့တာကတော့ ပရီးမီးယားလိဂ် စပါးအသင်း တိုက်စစ်မှုး ဟယ်ရီကိန်းပဲဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အသက်ရွယ် ၂၈နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှုး ဖြစ်သလို့ ဂိုးသွင်း စွမ်းဆောင်ရည်က လည်း ဟန်ချက်ညီညီ နဲ့ သွင်းယူနေတာကြောင့် ထာဝရဂိုးသွင်း စံချိန်ကို ကျော်ဖြတ်ဖို့ အလားအလာရှိလာတဲ့ တိုက်စစ်မှုး ဖြစ်ပါတယ်။

ဟယ်ရီကိန်းအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာဖလား ခြေစစ် ပွဲစဥ်မှာ အန်ဒိုရာအသင်းကို သွင်းဂိုး တဂိုး ရယူနိုင်ခဲ့ကာ အဂ်လန်အသင်းရဲ့ ထာဝရ သွင်းဂိုး စံချိန်စားရင်းမှာ ဂိုး ၄၀ နဲ့ အဆင့်၅နေရာမှာ မိုက်ကယ် အိုဝင်နဲ့ အတူ ရပ်တည်နေကာ တိုက်စစ်မှုး ရွန်းနီ ရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ အချိန်ကောင်းတခုဖြစ်နေပါတယ်။

(1) Wayne Rooney 53

(2) Bobby Charlton 49

(3) Gary Lineker 48

(4) Jimmy Greaves 44

(5) Harry Kane 40

(5) Michael Owen 40

(7) Alan Shearer 30

(7) Tom Finney 30

(7) Nat Lofthouse 30

(10) Vivian Woodward 29

(10) Frank Lampard 29

Photo Credit To Owner
Internet Source
SportsGaber