Local News

Mytel တိုင်များ မပျက်ဆီးစေရန် တယ်လီနောဟုရေးကာ ကာကွယ်ထား…

နေရာမရွေး စစ်ကောင်စီ Mytel တာဝါတိုင်တွေကို ပြည်နယ် မြို့ ရွာ တွေပါမကျန် ရှင်းလင်းနေတာဖြစ်ပါတယ်၊ ဒီကနေ့ရက်အတွင်းမှာ…

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျေးရွာတစ်ရွာအနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ကို စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ပေါက် PDF က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့စတင်ဘာ ၇ရက်နေ့ကတော့စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း MYTEL မိုင်တဲ ကုမ္ပဏီက တာဝါတိုင် ၁၁ တိုင်နဲ့ ဆက်စပ်ပစ္စည်းတွေစက်တင်ဘာ ၇ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အမည်မသိအဖွဲ့စည်းတစ်ခုက တစ်ပြိုင်တည်း ဖျက်ဆီးခဲ့တာ ဖြစ်ပြီးအခြားဖုန်းအော်ပရေတာတွေရဲ့ တာဝါတိုင်တွေ ဖျက်ဆီးခံရတာ မရှိကြောင်းလည်း ဒေသခံကပြောပါတယ်။

မြန်မာပြည်နေရာစုံမှာ စစ်ကောင်စီ mytel တာဝါတိုင်ထားရှိသည့် နေရာပေါင်းဒေသမရွေး သုံးဆောင်နေကြသဖြင့် telenor တာဝါတိုင်ဟု စာများရေးကာ ကာကွယ် ထားကြောင်း သတင်းဓာတ်ပုံများ လူမူကွန်ရက်ပေါ်မှာ တွေ့ရှိရပါတယ်။

Credit