Local News

ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ ဆက်လက်သိမ်းပိုက် ထိန်းချုပ်ထား…

ဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ်တွေ ဆက်လက်သိမ်းပိုက် ထိန်းချုပ်ထား…

ရန်ကုန်၊စက်တင်ဘာ(၈)

ကယားပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်တဲ့ ဒီးမော့ဆိုရဲစခန်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က ညပိုင်းမှာ

တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီရဲစခန်းကို ကရင်နီအမျိုးသားတပ်မတော်(KNDF) နဲ့ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KA)တို့ကပူပေါင်းပြီး

တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းရဲတပ်ဖွဲ့ဝင်(၃)ဦးသေဆုံးခဲ့ကာ တချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံသတင်းတွေမှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ကရင်နီပြည်သူတွေက စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တွန်းလှန်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က သေဆုံးတာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ ကရင်နီပြည်သူတွေက မိုးဗြဲမြို့နယ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

Credit