Local News

“မျှော်လင့်ထားတဲ့ရက်ရောက်လာပြီဖြစ်လို့ အဆင်သင့်ဖြစ်နေကြတဲ့ ရဲဘော်အချို့ရဲ့ပုံရိပ်ကိုထုတ်ဖော်ပြသလာတဲ့ GZခေါင်းဆောင်တစ်ဦး”

ယမန်နေ့က  NUG ဒုသမ္မတ ဒူဝါလရှီးလက ပြည်သူ့တော်လှန်ရေးနေ့အဖြစ်ကြေညာပြီးနောက် နေရာအတော်များများမှာ ပစ်ခတ်မှုတွေဖြစ်ပေါ်နေပြီး

တိုင်းရင်းသားဒေသတွေမှာလည်း EAOsတွေနဲ့ ထိစပ်တိုက်ပွဲတွေဖြစ်ပေါ်ကာ အခြေအနေတင်းမာနေတာကို တွေ့ရပါတယ်။

ပြည်သူမှာ ပြည်သူချင်းပဲရှိတာကြောင့် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းမှုဟာ

အမြင့်ဆုံးကိုရောက်ရှိနေပြီး စစ်ရေးနည်းလမ်းနဲ့ပါ တိုက်ထုတ်လာကြတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ EAOsတွေရဲ့ လက်တွဲမှုဟာလည်း အတော်လေးခရီး

ရောက်နေပြီး အာဏာရှင်တွေကို အဆုံးထိတိုက်ထုတ်ဖို့အတွက် စိတ်အားထက်သန်နေကြပြီဖြစ်ပါတယ်။

မြန်မာပြည်သူတစ်ရပ်လုံးကလည်း အခုလို D-Dayနေ့ကို စောင့်မျှော်နေကြတာဖြစ်ပြီး NUG အစိုးရဘက်ကနေကြေငြာလိုက်သည်နဲ့ တစ်ပြိုင်နက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

မကြာသေးမီကလည်း တော်လှန်ရေးအတွက် လက်နက်အပြည့်အစုံနဲ့ ပြင်ဆင်ပြီးအဆင်သင့်ဖြစ်နေကြတဲ့ PDF ရဲဘော်တစ်ချို့ရဲ့ ပုံရိပ်တွေကိုလည်း

လွတ်မြောက်နယ်မြေရောက် GZ ခေါင်းဆောင်တစ်ဦးက ပြသလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit