Sports

ဂိုးသွင်း အများဆုံးတိုက်စစ်မှူးအဖြစ် ရော်နယ်ဒိုနဲ့လူကာကူကို နှိုင်းယှဥ်လိုက်တဲ့ – ဒါးရင်းဘန့်

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဒါးရင်းဘန့် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ များနေတဲ့ အတွက် လူကာကူဟာ ရော်နယ်ဒိုထက် ပိုပြီး ဂိုးတွေ သွင်းနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ရီးယဲ မက်ဒရစ် အသင်းမှ ခံစစ်မှူး ရာဖေးလ် ဗာရန်းကို ခေါ်ယူ ခဲ့ပြီး ဗဟို ခံစစ်နေရာ တောင့်တင်း စေခဲ့သလို ဒေါ့မွန် အသင််းမှ ဂျေဒန် ဆန်ချို ၊ ဂျူဗင်တပ် အသင်းမှ ရော်နယ်ဒို တို့ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းလည်း တောင့်တင်းစေခဲ့ပါသေးတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပေါ်တူဂီသားကို တိုက်စစ်မှူးအဖြစ် အသုံးပြုဖွယ် ရှိနေတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ သတင်းသုံးသပ်သူ အချို့ကတော့ အသက် 36နှစ် ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက် အတွက် ဂိုးတွေ လုံလောက်စွာ သွင်းယူပေးနိုင်မလားလို့ မေးခွန်းထုတ်ခဲ့ကြပါသေးတယ် ။

အခြားတဖက်မှာတော့ ချဲလ်ဆီး အသင်းဟာ အင်တာမီလန် အသင်းမှ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရိုမီလူ လူကာကူကို ပေါင် 97.5 သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ် ။ လူကာကူဟာ အထောင်တိုက်စစ် ကစားသမား ဖြစ်ပြီး ချဲလ်ဆီးမှာလည်း ဒီနေရာမှာပဲ ကစားရမှာ ဖြစ်တဲ့အတွက် ဂိုးတွေ များများ သွင်းနိုင်လိမ့်မယ်လို့ သုံးသပ်မှု များခဲ့ပါတယ် ။

အခုတော့ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒါးရင့်ဘန့် က မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းနိုင်သူ များနေခြင်းက စီ ရော်နယ်ဒိုကို လူကာကူထက် သွင်းဂိုး နည်းသွားစေလိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက်ပါတယ် ။ လူကာကူနဲ့ ရော်နယ်ဒို ဘယ်သူ ဂိုးပိုသွင်းနိုင်မလဲ အမေးခံလိုက်ရတဲ့ အခါမှာတော့…

” ဒီနှစ်အတွက်တော့ လူကာကူပဲလို့ ကျွန်တော် ဖြေကြားသွားမှာပါ ။ ချဲလ်ဆီး အသင်းကို ကြည့်လိုက်ပါ ၊ သူတို့ အသင်းမှာဆိုရင် သွင်းဂိုးတွေ အများစုဟာ လူကာကူဆီကပဲ ရောက်လာလိမ့်မယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ ကျွန်တော် ထင်မိပါတယ် ”

” ရော်နယ်ဒို ဘယ်လောက် ကောင်းလဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ ။ ဒါပေမဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ဂိုးတွေ သွင်းဦးမှာပါ ။ ဖာနန်ဒက်စ် ၊ ပြီးတော့ ရပ်ရှ်ဖို့ ပြန်လာရင် သူတို့လည်း ဂိုးတွေ သွင်းကြဦးမှာပါ ။ ပြီးတော့ ကာဗာနီရောပေါ့ ။ ကျွန်တော် ဘာကို ဆိုလိုချင်လဲ ခင်ဗျားတို့ သိကြတယ်မလား ? ”

” သူတို့က အချို့တော့ ကစားခွင့် နည်းပါးကြပါလိမ့်မယ် ။ ဒါပေမဲ့ လူကာကူ.. သူကတော့ ကြံ့ခိုင်မှု ပြည့်ဝနေရင် ပွဲတိုင်း ပွဲထွက် ကစားခွင့်တွေကို ရရှိ သွားပါလိမ့်မယ် ။ ပြီးတော့ ဂိုးတွေကိုလည်း ဒိုင်ခံ သွင်းယူနိုင်ခွင့် ပိုင်ဆိုင်နေမှာ အသေအချာပါပဲ ”

” အခြားတဖက်မှာတော့ ရော်နယ်ဒိုဟာ ပွဲတိုင်း ပွဲထွက် ကစားပေးနိုင်မှာ မဟုတ်လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်တို့ ကစားရမယ့် ပွဲစဥ်တွေ အများကြီး ရှိနေတယ်လေ ။ လူကာကူကို ကြည့်လိုက်ပါ… ချဲလ်ဆီး အသင်းက ပွဲထွက် ကစားခွင့်တွေ ပေးဖို့ သူ့ကို ခေါ်ယူခဲ့တာလေ ”

” ပြီးတော့ သူဟာ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးပါပဲ ။ ရော်နယ်ဒိုလည်း ဂိုးတွေ သွင်းယူနိုင်မှာပါ ။ အဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော် သံသယလုံးဝမရှိပါဘူး ။ ဒါပေမဲ့ လူကာကူ ကတော့ 1 – 0 နဲ့ နိုင်တဲ့ ပွဲမျိုးမှာတောင် ဂိုးသွင်းယူပေးတဲ့ ကစားသမား ဖြစ်နေပါလိမ့်မယ် ” လို့ ဒါးရင့်ဘန့်က ပြောကြားသွားခဲ့လိုက် ပါတယ် ။

Credit – SM