Sports

အောက်စ်ဖို့ဒ်ပါမောက္ခ၏ တွက်ချက်မှုအရ မက်ဆီကို ကျော်ဖြတ်ပြီး စီရော်နယ်ဒိုကို အကောင်းဆုံး သတ်မှတ်…

အောက်စ်ဖို့ဒ်ပါမောက္ခ၏ တွက်ချက်မှုအရ မက်ဆီကို ကျော်ဖြတ်ပြီး စီရော်နယ်ဒိုကို အကောင်းဆုံး သတ်မှတ်…

အင်္ဂလန်နိုင်ငံ အောက်ဖို့ဒ်တက္ကသိုလ်က သင်္ချာပါမောက္ခရဲ့ တွက်ချက်မှုအရ စီရော်နယ်ဒိုဟာ မက်ဆီကို ကျော်ဖြတ်ပြီး သမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။

သင်္ချာပါမောက္ခဖြစ်သူ ဒေါက်တာတင်ခရောဖို့ဒ်ရဲ့ တွက်ချက်မှုမှာ အချက် ၇ ချက်ပါဝင်ပြီး အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကစားသမား ၁ဝ ဦးရဲ့ စွမ်းဆောင်ရည်ကို တွက်ချက်ခဲ့တာပါ။

 

အဲဒီကစားသမား ၁ဝ ဦးမှာ စီရော်နယ်ဒို၊ မက်ဆီ၊ ပီလီ၊ ပွက်ရှ်ကတ်၊ ရော်နယ်ဒို၊ ဗန်ဘက်စတန်၊ ဒီ စတီဖန်နို၊ မိုက်ကယ်ပလာတီနီ၊ မာရာဒိုနာနဲ့ ယိုအန်ခရိုက်ဖ်တို့ပါဝင်ပြီး စီရော်နယ်ဒိုက အမှတ် အများဆုံးခဲ့တာ ဖြစ်ပါတယ်။

အဓိကတွက်ချက်တဲ့ အချက် ၇ ချက်တွေကတော့ ကလပ်အသင်း အမှတ်ပေးဖလားနဲ့ ဥရောပဖလား အောင်မြင်မှု၊ နိုင်ငံတကာအောင်မြင်မှု၊ ကလပ်သွင်းဂိုး၊ နိုင်ငံတကာသွင်းဂိုး၊ ဘလွန်း ဒီအောဆုအတွက် မဲပေးမှုအရေအတွက်၊ တဦးချင်း အောင်မြင်မှု၊ အသင်းအောင်မြင်မှုအတွက် ဆွဲတင်နိုင်မှု စတဲ့အချက်တွေကို တွက်ချက်ပြီး အမှတ်ပေးခဲ့တာပါ။

ကလပ်သွင်းဂိုးတွေနဲ့ အောင်မြင်မှုတွေကို လိဂ်အဆင့်အတန်းအရ အမှတ်ပေးခဲ့ပြီး ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အမှတ် ၁၅၀ အဖြစ် အများဆုံး ပေးထားကာ ဥရောပနဲ့ကိုပါ ချန်ပီယံဆုအတွက် ရမှတ် ၁၀၀ ပေးခဲ့ပါတယ်။

ဘောလုံးပရိသတ်တစ်ဦးဖြစ်လို့ ဘယ်သူက အကောင်းဆုံးလဲဆိုတာ မိတ်ဆွေတွေနဲ့လည်း  ငြင်းခုံခဲ့ဖူးပြီး စီရော်နယ်က အမှတ်အများဆုံးနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပေမဲ့ ကျန်တဲ့ ကစားသမားတွေကလည်း အလွန်ထူးချွန်ကြောင်း ဒေါက်တာခရောဖို့ဒ်က ပြောပါတယ်။ ဒါပေမဲ့ အကောင်းဆုံးကစားသမားနဲ့ ပတ်သက်လို့ ဆက်လက် အငြင်းပွားနေမှာလည်းဖြစ်ကြောင်း ဒေါက်တာခရောဖို့ဒ်က ပြောပါတယ်။

Credit