Celebrity

မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားတွေသားတွေအတွက် ခွန်အားဖြစ်စေမယ့် ဆုတောင်းစကားနဲ့သစ္စာစကားဆိုလိုက်တဲ့ ခရစ်စတီးနားခီ

အမိမြေအတွက် ခရစ်စတီးနားခီရဲ့ သစ္စာစကားကတကယ်ကို ခွန်အားဖြစ်စေပါတယ်…

မြန်မာ့ရုပ်ရှင် လောကမှာ သက်တမ်းနု ပြီးတော့ ပရိသတ်တွေရဲ့ ရင်ထဲကို ထိရောက်စွာ ဆွဲဆောင်နိုင် ခဲ့တာကတော့ ခီမောင်နှံတို့ပဲ ဖြစ်ပါတယ်…. ခရစ်စတီးနားခီ ကတော့ ခင်ပွန်းဖြစ်သူကို မင်းသားတင်ရိုက်ပြီး ကိုယ်တိုင်က ဒါရိုက်တာလုပ်ပြီး ထက်မြက်တဲ့ အိမ်ရှင်မကောင်းပဲ ဖြစ်ပါတယ်။

ခရစ်စတီးနားခီနဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံကတော့ ရုပ်ရှင်ကား အနည်းငယ်နဲ့တင် မတူကွဲပြားစွာ ထိုးမြောက်နိုင်တာကြောင့် သူတို့ရဲ့ ရုပ်ရှင်ကားတွေကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေပါတယ်။

သရုပ်ဆောင်ဇဏ်ခီ ကတော့ ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသ ခွင့်မရတဲ့သူ့ရဲ့ နဂိုရောဂါအခံဖြစ်တဲ့ အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ကြားခဲ့ရတဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ D Day ရောက်လာတော့မယ်လို့ သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာ ဖြစ်ပါတယ်နော်။

ဒီနေ့လေးမှာတော့ ခရစ်စတီးနားခီက ” ညတိုင်းဆိုဖြစ်တဲ့ အမိမြေအတွက် သစ္စာတရားနဲ့ဆုတောင်း .. ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာ နတ်ကောင်းနတ်မြတ်များက ဓမ္မဘက်တော်သားများကို စောင့်ရှောက်ပါစေ ။

မြန်မာပြည်ကြီးသွေးချောင်းမစီးစေဘဲ နတ်ကောင်းနတ်မြတ်များရဲ့ စောင့်ရှောက်မှုနဲ့ ဓမ္မဘက်မှာ ရပ်တည်မဲ့ သူတွေပေါများလာပါစေ ၊ ဒီမြေပေါ်မှာ ပွင့်သည့်ပန်း ပန်ဆင်ခွင့်မရှိတော့ရင်တောင် ဒီမြေမှာ မိစ္ဆာတွေကင်းပြီး လှပတဲ့

အဖူးအပွင့်ကိုဒီမြေပေါ်တွင်ရှိသော ချစ်စရာကောင်းတဲ့ မြန်မာပြည်သူ ပြည်သားများ အမြန်ဆုံးအေးချမ်းစွာ ခံစားခွင့်ရရှိကြပါစေ ” ဆိုပြီး သူမရဲ့ Instagram မှာရေးသားလာခဲ့ပါတယ်။

Credit