Sports

ပေါင် ၁၇၀၀၀၀ တန် စူပါကားနဲ့ ယူနိုက်တတ်ရဲ့ ဒုတိယ ထရိန်နင်ကို ရောက်ရှိလာတဲ့ ရော်နယ်ဒို

ပေါင် ၁၇၀၀၀၀ တန် စူပါကားနဲ့ ယူနိုက်တတ်ရဲ့ ဒုတိယ ထရိန်နင်ကို ရောက်ရှိလာတဲ့ ရော်နယ်ဒို

မန်ချက်တာ ယူနိုက်တတ် တိုက်စစ်မှုး ရော်နယ်ဒို ကတော့ စူပါကားခရေဇီတယောက်ဆိုတာ ပရိတ်သတ် တွေ တော်တော်များများ သိကြမှာပါ ၊ ဇိမ်ခံ ကားအမျိုးအစားတွေကို ဝယ်ယူစုဆောင်းကာ တန်ဖိုး စုစုပေါင်း ဝယ်ယူမှုဟာဆိုရင် ပေါင် ၁၇ သန်း နီးပါး ရှိကြောင်းသိရှိရပါတယ်။

ဇိမ်ခံကားတွေနဲ့ အပြည့်နဲ့ ဖက်ရှင်အသစ် အဆန်းတွေကို ပုံရိုက်လေ့ရှိသလို့ ဘောလုံးလောကရဲ့ ကားခရေဇီအကြီးအစားတယောက်လို့ ပြောလည်း မမှားပါဘူး။

ယူနိုက်တတ် အသင်းနဲ့ တရားဝင် ခေါ်ယူမှု ကြောငြာခဲ့အပြီးမှာ အသင်းနဲ့ ပါဝင် ပူပေါင်းလာကာ ယူနိုက်တတ်ရဲ့ ပထမဆုံး ထရိန်နင်ကို ပရိတ်သတ် တွေ မြင်တွေ့ခဲ့ပါတယ်။

ဒုတိယ ထရိန်နင်မှာ စူပါကားခရေဇီဖြစ်တဲ့ ရိုနယ်ဒိုစီးလာတဲ့ ကားကတော့ Lamborghini Urusဖြစ်ပြီး တန်ကြေး ပေါင် ၁၇၀၀၀၀ တန်ဖြစ်ကာ ရော်နယ်ဒို စုဆောင်းထားတဲ့ ကားဂိုထောင်ထဲ တစီးပဲဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဂိုထောင်ထဲမှာရှိတဲ့ စူပါကားတွေ တန်ကြေး စုစုပေါင်း ဟာ ပေါင် ၁၇ သန်းထိရောက်ရှိနေကြောင်းသိရပါတယ်။

ရော်နယ်ဒိုစုဆောင်းထားတဲ့ ကားတွေထဲမှာ ကမ္ဘာစျေးအကြီး စာရင်းဝင်ကားတွေလည်း ပါရှိနေကာ ပေါင် ၁.၄သန်းရှိတဲ့ ferrari monza ၊ ပေါင် ၂.၁၅သန်းရှိတဲ့ bugatti chiron ၊ ပေါင် ၁.၇သန်းရှိတဲ့ bugatti veyron grand sport ဖြစ်ပါတယ်။

ဘောလုံး လောကမှာ ထပ်တန်းအဆင့် ရောက်နေသလို့ ကားလောကမှာလည်း အကြီးစားခရေဇီ ထပ်တန်းတယောက်ဖြစ်နေပါတယ်။

Photo Credit To Owner
Internet Source
SportsGaber