Local News

စာသင်ရမယ့် အရွယ်တွေဖြစ်ပေမယ့် တိုက်ပွဲတွေဖြစ်ပွားရင် မိမိအသက်ကိုကာကွယ်ဖို့ လေ့ကျင့်နေကြတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေက ဘေးလွတ်ရာနေရာမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အိုးအိမ်တွေကို စွန့်ခွာပြီး တိမ်းရှောင်နေကြတဲ့ ပြည်သူတွေထဲ ကလေးငယ်လေးတွေလည်း ပါဝင်ကြပါတယ်။

တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေ ထိမှန်ပြီး အကြောင်းမဲ့ အသက်သေဆုံးသွားတဲ့ ကလေးငယ်လေးတွေ၊ ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ကလေးငယ်လေးတွေရဲ့ သတင်းတွေကိုလည်း စိတ်မ​ကောင်းစွာနဲ့ ကြားသိနေရပါတယ်။

ယခုမှာတော့ ချင်းပြည်နယ်က ကလေးငယ်လေးတွေဟာ စာသင်ရမယ့် အရွယ်လေးတွေဖြစ်ကြပေမယ့် တိုက်ပွဲဖြစ်ပွားနေတာ​ကြောင့် မိမိအသက်ကို ကာကွယ်ဖို့ ပြင်ဆင်နေကြပါတယ် ။

အဆိုပါချင်းကလေးငယ်လေးတွေက တိုက်ပွဲတွေအနီးနားမှာ ဖြစ်ပွားလာရင် အသက်အန္တရာယ်မထိခိုက်မိအောင် ကာကွယ်ရှောင်ပြေးဖို့အတွက် လေ့ကျင့်ရေးတွေ ပြုလုပ်နေကြပါတယ်။

ဗုံးတွေ၊ကျည်တွေ မထိအောင် ကာကွယ်ဖို့အတွက် ကလေးငယ်လေးတွေကို လူကြီးတွေက လေ့ကျင့်ပေးနေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

စာသင်ခန်းမှာ အေးဆေးပညာသင်ရမယ့် အရွယ်လေးတွေ ဖြစ်ကြပေမယ့် ယခုမှာတော့ မိမိအသက်ကို ကာကွယ်ဖို့အတွက် အရွယ်နဲ့ မလိုက်အောင် လေ့ကျင့်နေရတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ပညာသင်ခွင့်မရဘဲ ယခုလိုပင်ပင်ပန်းပန်း လေ့ကျင့်နေရတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

တိုက်ပွဲတွေဖြစ်ရင် ဘေးကင်းကင်းနဲ့ ရှောင်ပြေးဖို့အတွက် လေ့ကျင့်နေကြတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

(ဗီဒီယိုဖိုင်ကြည့်ရူရန်အတွက် အောက်ပါလင့်ကို Copyလုပ်ပြီး openကိုနှိပ်၍ Facebookကို ဖွင့်ပါ)

https://www.facebook.com/106559704436097/videos/988314365046388/

Credit