Sports

မန်ယူနဲ့ပွဲစဥ်ဟာ နယူးကာဆယ်အသင်းအတွက်ပထမဆုံးနိုင်ပွဲဖြစ်တယ်လို့ ကြုံးဝါးလိုက်တဲ့  – မာဇီမင်

မန်ယူနဲ့ပွဲစဥ်ဟာ နယူးကာဆယ်အသင်းအတွက်ပထမဆုံးနိုင်ပွဲဖြစ်တယ်လို့ ကြုံးဝါးလိုက်တဲ့  – မာဇီမင်

မန်ချက်စတာ ယူနိုက်တတ်နဲ့ နယူးကာဆယ် အသင်းတို့ လာမည့် စတင်ဘာလ ၁၁ရက်နေ့ ည ၈နာရီခွဲမှာ ယှဥ်ပြိုင် ကစားကြမှာဖြစ်ပါတယ် ထို့ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တတ်အသင်းကို ပြန်လည်ခြေချလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်လာဖွယ်ရှိကာ ပရိတ်သတ်တွေ တော်တော်များများလည်း လက်လွတ်မခံတဲ့ ပွဲစဥ်မျိုးလည်းဖြစ်နေပါတယ်။

ယူနိုက်တတ် အသင်းကနေ ထွက်ခွာခဲ့ပြီ ယခုမှာတော့ ပြန်လည်ခြေချခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ ယူနိုက်တတ် မြက်ခင်းစိမ်းပေါ်မှာကစားကွက်အခင်းအကျင်း အသစ်တွေနဲ့ ပရိတ်သတ်တွေ စတင်မြင်တွေ့ရမယ့် ပွဲစဥ်လည်း ဖြစ်နေပါတယ် ယင်းပွဲစဥ်မှာတော့ နယူးကာဆယ် တောင်ပံ ကစားသမား မာဇီမင် ရဲ့ ပြောဆိုချက် စကားတချို့လည်း ရှိလာခဲ့ပါတယ်။

မာဇီမင်ကတော့ ရော်နယ်ဒို ဒီပွဲစဥ်မှာ ပါဝင်ခဲ့မယ်ဆိုရင် အကောင်းဆုံး ထိန်းချုပ်ပြီး ယှဥ်ပြိုင်ကစားမယ် အိုးလ်ထရက်ဖို့ဒ် မှာ အနိုင်ရလဒ်နဲ့ ကစားပြပြမယ်လို့ ပြောဆိုခဲ့ပါတယ် နယူးကာဆယ်အသင်းကတော့ ဒီရာသီ ပွဲစဥ် ၃ပွဲစလုံး အနိုင်ရလဒ် မရှိခဲ့ပဲ ၂ပွဲရှုံး ၁ပွဲ သရေရလဒ်နဲ့ ရမှတ် ၁မှတ်သာ ရရှိထားတဲ့ အသင်းဖြစ်သလို့ နိုင်ပွဲဆာလောင်နေတဲ့အသင်းလို ပြောရမှာပါ။

မာဇီမင်ကတော့ နယူးကာဆယ် အသင်းအတွက် သွင်းဂိုး တဂိုးရယူနိုင်ခဲ့ပြီ တဂိုး ဖန်တီမှုလည်းရယူထားနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်၊ယူနိုက်တတ်အသင်းနဲ့ ပွဲဟာ နယူးကာဆယ် အသင်းအတွက် ပထမဆုံး နိုင်ပွဲ အဖြစ် ရယူပြမယ့်လို့ ကြုံးဝါးလိုက်ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber