Local News

ဒလန်သတင်းပေးမှုကြောင့် အမေနဲ့အစ်မဖြစ်သူကျန်ခဲ့တဲ့နေအိမ်ကို မီးရှို့ခံလိုက်ရတဲ့ ဗီဒီယိုကို စိတ်မကောင်းစွာပြသလာတဲ့ PDF လူငယ်လေး

တော်လှန်ရေးအရေးတော်ပုံကြီးမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေအတွက် အနစ်နာခံနေကြရတဲ့ သူရဲကောင်းရဲဘော်တွေမှာ ပေးဆပ်မှုတွေတော့ တကယ်ကိုအများအပြားပါပဲ။

သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ပြီး အားလုံးရဲ့အနာဂတ်တွေအတွက် ယုံကြည်ရာကို လျှောက်လှမ်းကာ အားတင်းကြိုးစားရင်း တိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့ နာကျင်မှုတွေထဲမှာ လွတ်မြောက်နယ်မြေမှာ ကြိုးစားတိုက်ဝင်နေတဲ့အချိန် မိခင်နဲ့ အစ်မဖြစ်သူနှစ်ယောက်တည်းကျန်ခဲ့တဲ့ နေအိမ်ကို မီးရှို့ဖျက်စီးခံလိုက်ရတာတွေလည်း ပါဝင်ပါတယ်။

ဒလန်ရဲ့သတင်းပေးမှုကြောင့် မောင်နှမနှစ်ယောက် ပြည်ပမှာအလုပ်လုပ်ပြီး ရှာဖွေထားတဲ့ ချွေးနည်းစာ လုပ်အားခလေးတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့ နေအိမ်တစ်ခုလုံး ပြာကျတဲ့အထိ မီးရှို့ဖျက်စီးခံလိုက်ရတာကြောင့် PDF လူငယ်လေးက စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။

နေစရာအိမ်မရှိတော့လို့ ဝမ်းနည်းနေရပေမယ့် အနစ်နာခံကြိုးစားမှုတွေနဲ့ ယုံကြည်ချက်တွေအတွက် အားတင်းရင်း လွတ်မြောက်နယ်မြေကနေ အမေနဲ့အစ်မဖြစ်သူကို အားပေးစကားတွေလည်း ပြောထားပါသေးတယ်..။

ကြုံလာသမျှအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း နေအိမ်ကိုမီးရှို့ဖျက်စီးခံလိုက်ရတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း PDF လူငယ်လေးက ဝေမျှထားတာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit – Thu Rain’s Fb Acc

unicode







Photo Credit – Thu Rain’s Fb Acc