Local News

မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း

မြန်မာနိုင်ငံသို့ ဝင်ရောက်တော့မယ့် အားကောင်းတဲ့ Typhoon မုန်တိုင်း

“ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်ဘက် တောင်တရုတ်ပင်လယ်ပြင်တွင်(18W)CONSON အမည်ရTyphoon မုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေ”

၉.၉.၂၀၂၁ နံနက် ၁၀ နာရီ ၀၉ မိနစ်

အပတ်စဉ်ခန့်မှန်းချက်မှာ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းအပြောင်းအလဲမရှိ ဖိလစ်ပိုင်နိုင်ငံရဲ့အနောက်ဘက်

ဗီယက်နမ်နိုင်ငံရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ပြင်တွင် (18W)CONSON အမည်ရမုန်တိုင်းဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံသို့ဦးတည်ရွေလျားနေတာကိုတွေ့ရပါတယ်။

မုန်တိုင်းအန္တရယ်မရှိပါ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို လေပွေလှိုင်းများအဖြစ်နဲ့မိုးရွာသွန်းနိုင်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။

ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းရဲ့အခြေအနေကတော့…

JTWCရဲ့ ယနေ့မြန်မာစံတော်ချိန် နံနက် ၆နာရီ၃၀မိနစ်အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီး အနောက်မြောက်ဘက်ကို၁နာရီ၁၀မိုင်နှုန်းဖြင့် မြန်မာနိုင်ငံရှိရာဘက်သို့ ဦးတည်ရွေ့လျားနေပါတယ်။

အဆိုပါ Typhoon မုန်တိုင်းဟာဆက်လက်အားကောင်းလာကာ နောက်၂ရက်အတွင်း အားအလွန်ကောင်းသော Typhoon မုန်တိုင်းဖြစ်သို့ရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်
ချက်ရှိထားပါတယ်ခင်ဗျာ ။

Update သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြသွားပါမည် ခင်ဗျာ။

wai phyo han

Unicode











wai phyo han