Sports

ရော်နယ်ဒိုရဲ့ return ကြောင့် အိုးထရပ်ဖို့ဒ်ကနေ ထွက်ခွာသွားနိုင်ခြေ ရှိတဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဘာဘာတော့ဖ်

ဒီမီတာဘာဘာတော့ဖ်က မန်ချက်စတာယူနိုက်တက် အသင်းကို ခရစ်စတီယာနိုရော်နယ်ဒို ပြန်လည် ရောက်ရှိလာခဲ့ခြင်းကြောင့် အန်သိုနီမာစီရယ်ဟာ ထိခိုက် နစ်နာသူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး ပြင်သစ် လက်ရွေးစင် အနေနဲ့ ကလပ်မှာ သူ့ရဲ့ အနာဂတ် အတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲ၀င်သွားရန် တိုက်တွန်း သွားခဲ့ပါတယ်။

အက်ဒီဆင်ကာဗာနီဟာ ပြီးခဲ့တဲ့ ရာသီက မာစီရယ်ကို ကျော်ကာ နည်းပြ အိုလီဂန်နာဆိုးရှားရဲ့ ဦးစားပေး တိုက်စစ်မှုး ဖြစ်ခဲ့ပြီး ဒီနွေရာသီမှာ ရော်နယ်ဒို အိုးထရပ်ဖို့ဒ်ကို ပြန်လည် ရောက်ရှိလာခဲ့ခြင်းကြောင့် ၎င်းရဲ့ ပွဲထွက်ခွင့်ဟာ ပိုမို စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ၎င်းကစားခဲ့တဲ့ တောင်ပံတိုက်စစ်နေရာတွေမှာ ဆိုရင်လည်း ဒေါ့မွန်ကနေ ရောက်လာခဲ့တဲ့ ဂျေဒွန်ဆန်ချို နဲ့ ဂရင်းဝုဒ် တို့အပြင် ဒဏ်ရာကနေ ပြန်လာတော့မယ့် ရပ်ဖို့ဒ်လည်း ရှိနေပါသေးတယ်။

ဘာဘာတော့ဖ်က ဒီရာသီ လုံလောက်တဲ့ ပွဲကစားခွင့်သာ မရဘူးဆိုရင် မာစီရယ်ဟာ အိုးထရပ်ဖို့ဒ် ကနေ ပထမဦးဆုံး ထွက်ခွာမယ့် ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘာဘာတော့ဖ်က “ဒါဟာ ရော်နယ်ဒို အိုးထရပ်ဖို့ဒ်ကို ပြန်ရောက်လာတဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကျွန်တော်ရဲ့ တစ်ခုတည်းသော negative ပါပဲ။ သူ့ကြောင့် အန်သိုနီမာစီရယ်ဟာ ပွဲထွက်ခွင့် နည်းပါးသွားဖို့ ရှိနေပြီး သူဟာ ရော်နယ်ဒိုရဲ့ return မှာ အထိခိုက်ဆုံးသူ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ကျွန်တော်တို့ ထင်တာမြင်တာတွေ ပြောလို့ရပါတယ်။ သူဟာ ကွင်းထဲမှာ အပြင်းအထန် အားထုတ်ပြီး အားလုံးကို အံ့အားသင့်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ရော်နယ်ဒိုဟာ အသင်းမှာ အော်တို နေရာရမှာ ဖြစ်တာကြောင့် ကျန်တဲ့ ကစားသမားတွေ…အထူးသဖြင့် လူငယ် ကစားသမားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ချင်ကြမှာ ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ကွင်းထဲမှာ အကောင်းဆုံး လုပ်ပြချင်ကြမှာပါ။ အန်သိုနီရဲ့ ကိစ္စမှာတော့ သူသာ ဒီရာသီ လုံလောက်တဲ့ ပွဲကစားချိန် မရခဲ့ဘူး ဆိုရင် သူဟာ ကလပ်ကနေ ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။”

ဘူဂေးရီးယားတိုက်စစ်မှုးဟောင်းက မာစီရယ် အနေနဲ့ အနာဂတ် အတွက် အိုးထရပ်ဖို့ဒ်မှာ တိုက်ပွဲ၀င်သွားလို့ ရနိုင်သေးတယ်လို့ ဆိုလိုက်ပြီး အသင်းမှာ ပုံမှန် ပွဲကစားခွင့် ဘယ်လောက် ရချင်ကြောင်း နည်းပြ ဆိုးရှားကို ပြသသွားလ်ိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘာဘာတော့ဖ်က “သူ့အတွက် ကျွန်တော် အကြံပေးချင်တာ ကတော့ ဒီထက် အနည်းငယ် ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ နည်းပြကို ‘ငါ ပထမဦးစားပေး ဖြစ်ချင်တယ်။ ငါဘယ်လောက် ကောင်းသလဲ ဆိုတာ သက်သေပြသွားမယ်။ ဒီမှာ ဆက်နေပြီး င့ါရဲ့ နေရာအတွက် တိုက်ပွဲ၀င်သွားမယ်’ ဆိုတဲ့ စိတ်ဓာတ်ကို ပြသသွားဖို့ ပါပဲ။

အကယ်၍ ဒီလို ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ သူ့ရဲ့ အရည်အသွေးကြောင့် သွားဖို့ နေရာ တစ်နေရာတော့ ရှိလာမှာ ဖြစ်ပြီး အဲဒီနေရာမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေ သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော် အန်သိုနီအတွက် အနည်းငယ် စိုးရိမ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ သူနဲ့ မိုနာကိုမှာ တွဲဖက် ကစားခဲ့ဖူးတာကြောင့် သူ့မှာ ကြီးမားတဲ့ အရည်အသွေး ရှိနေတာကို သိနေလို့ပါ။ ဒါပေမယ့် ယူနိုက်တက်မှာ အလုပ်မဖြစ်ဘဲ ကစားခွင့် မရခဲ့ဘူးဆိုရင် သူ တစ်နေရာကို ပြောင်းရွေ့ သင့်ပါတယ်။” လို့ အကြံပေးသွား ပါတယ်။

Credit – SM