Sports

ဂန်းနားတို့ရဲ့ တပ်မဟာ အာတီတာ နယ်မြေမှာ အစွမ်းကုန် မိုက်ပြဖို့လိုနေပြီ…

ဂန်းနားတို့ရဲ့ တပ်မဟာ အာတီတာ နယ်မြေမှာ အစွမ်းကုန် မိုက်ပြဖို့လိုနေပြီ…

လာမည့် စတင်ဘာလ ၁၁ရက် စနေနေ့ည ၈နာရီခွဲမှာ ယှဥ်ပြိုင်ကစားကြမှာကတော့ ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေက ရုန်းထွက်ကြဖို့ အစွမ်းကုန် တိုက်ပွဲဝင် တော်လှန်မယ့် ဂန်းနားတို့ရဲ့တပ်မဟာ အာတီတာ ရဲ့ နယ်မြေမှာပဲ ဖြစ်ပါတယ်။

အမ်းမရိတ်မှာ ပြိုင်ဘက်ကို အချိုကျွေး ဂျင်းထည့် ဧည့်ခံဖို့တော့ အရေးကြီးနေသလို ရာသီအစ လာသမျှဧည့်သည်ကို သဘောကောင်းကောင်းကျွေးမွေးခဲ့လို့ သုံးစရာတောင် မရှိနေဖြစ်နေတဲ့ ဂန်းနားတပ်ရဲ့အသုံးစရိတ်ကို ဒီတိုက်ပွဲမှာ အာတီတာ မဖြစ်မနေ အသုံးစရိတ် အနိုင်သုံးမှတ်ရရှိဖို့ လိုအပ်နေပါတယ်။

အာဆင်နယ်အသင်း နဲ့ နောဝစ်ချ်တို့ ယှဥ်ပြိုင် ကစားကြမယ့် ပွဲစဥ်ကို ဘီဘီစီ သတင်းဌာနက သုံးသပ်သူ လော်ရိုးကတော့ ခန့်မှန်းရလဒ်တွေနဲ့ အနေထားရပ်တည်ချက်တွေကို သုံးသပ်လာပါတယ်။

လော်ရိုးကတော့ “အာဆင်နယ် ဟာ ခက်ခဲလှတဲ့ ရာသီဖြစ်နေသလို နောဝစ်ချ်အသင်းကလည်း အလားတူ ရပ်တည်မှုဖြစ်နေကြောင်းနဲ့ ဇယားရဲ့ အောက်ပိုင်း အထပ်အောက် ယှဥ်ပြိုင်ကြမယ့် ပွဲဖြစ်လို့ အာဆင်နယ် အသင်းကသာ အနိုင်ယူလိမ့်လို့ဆိုပါတယ်”။

နောဝစ်ချ်အသင်းအနေနဲ့ ရာသီကုန် တန်းဆင်းအသင်းဖြစ်ကြောင်း ရွေးချယ်ထားခံရတဲ့ အသင်းကိုမှ အိမ်ကွင်း မှာ မနိုင်ခဲ့ရင် နည်းပြ အာတီတာအတွက် အနာဂတ်ဟာ ဖိအားများပိုဆိုးလာလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။

လောရိုးခန်းမှန်းချက်
အာဆင်နယ် ၂-၀ နောဝစ်ချ်

Photo Credit To Owner
Internet Source
SportsGaber