Sports

GOAT အဖြစ် သတ်မှတ် ခံထားရတဲ့ အာဆင်နယ် တိုက်စစ်မှူး မီဒမ်မာ

အာဆင်နယ် အမျိုးသမီး အသင်း တိုက်စစ်မှူး မီဒမ်မာ ဟာ မနေ့ညက Slavia Prague ဘက်ကို ဟက်ထရစ် သွင်းယူ ပြီးနောက် ဂန်းနား ကစားသမား ဘ​ဝ သွင်းဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။မီဒမ်မာ ဟာ Slavia ဘက်ကို ၁၂ မိနစ် အတွင်း သုံးဂိုး သွင်းယူ နိုင်ခဲ့တာပါ ။

အာဆင်နယ် ပရိသတ်တွေက GOAT ( Greatest of All time ) လို့ ချစ်စနိုး နဲ့ ခေါ်ဝေါ် ကြတဲ့ မီဒမ်မာ နဲ့ ပတ်သက်ပြီး သိကောင်းစရာ အချက် ၁၁ ချက်ကိုဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ မီဒမ်မာ ရဲ့ ကိုယ်ရေးအကျဉ်း

နာမည် အပြည့်အစုံ – Anna Margaretha Marina Astrid Miedema နာမည်ပြောင် – GOAT ( Greatest of All Time ) ကျောနံပါတ် – ၁၁
မွေးနေ့ နဲ့ မွေးရပ် – ၁၅.၉.၁၉၉၆ / Hoogeveen
အသက် – ၂၅ နှစ် အရပ် နဲ့ ကိုယ်အလေးချိန် – ၁.၇၅ မီတာ ၊ ၆၅ ကီလိုဂရမ် ဆံပင်အရောင် နဲ့ အသားရောင် – ရွှေရောင်ဖျော့ / အဖြူရောင်

၂ ။ ဘောလုံးသမား မျိုးရိုး

မီဒမ်မာ ရဲ့ မိသားစု ဟာ မျိုးရိုးစဉ်ဆက် နံပါတ် ၉ တိုက်စစ်မှူး အဖြစ် ကစားခဲ့သူတွေ ဖြစ်ပြီး အဖိုး ၊ အဖေ နဲ့ သူ့ရဲ့ မောင်လေး တို့ဟာလည်း နံပါတ် ၉ ကစားသမား ဖြစ်ပါတယ် ။ သူ့ရဲ့ အမေ ကတော့ ဘောလုံး မကစားပေမယ့် ဘောလုံး ပရိသတ် အကြီးစား တစ်ဦးပါ ။

မီဒမ်မာ ဟာ အသက် ၄ နှစ်ကျော် အရွယ်ကတည်းက ဘောလုံး စကစား ခဲ့သူ ဖြစ်ပြီး ကလေးဘဝ ကတည်း က သွင်းဂိုး အမြောက်အများ သွင်းယူလေ့ ရှိသူ ဖြစ်ပါတယ် ။ ဒါ့အပြင် မီဒမ်မာ ဟာ ငယ်စဉ်တုန်းက ယောကျ်ားလေး အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားလေ့ ရှိပြီး တစ်ကြိမ်မှာတော့ တစ်ပွဲတည်းငါးဂိုး သွင်းကာ ပြိုင်ဘက် ယောကျ်ားလေးတွေ ငိုအောင်အထိ အစွမ်းပြခဲ့ဖူးပါတယ် ။

၃ ။ မီဒမ်မာ ရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအစ

မီဒမ်မာ ဟာ အသက် ၁၄ နှစ် အရွယ်မှာတင် ဟီရန်ဗင်း အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆို ခဲ့သူပါ ။ စာချုပ် ချုပ်ဆိုချိန်မှာ အရမ်းငယ်နေသေးတာကြောင့် မိဘတွေက ကိုယ်စား လက်မှတ် ထိုးပေး ခဲ့ရပါတယ် ။ မီဒမ်မာ ဟာ သူ့ရဲ့ပရို ကစားသမား ပထမဆုံး ပွဲမှာ အရန်ခုံကနေ လူစားဝင်လာပြီး အသင်း အတွက် ၂ ဂိုးသွင်းယူပေးခဲ့ပါတယ် ။

မီဒမ်မာ ဟာ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် ပွဲဦးထွက်ကို ၁၅ နှစ် အရွယ်မှာတင် ကစားခွင့် ရခဲ့သူ ဖြစ်ပြီး နယ်သာလန် အမျိုးသမီး အသင်းရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သူပါ ။ ၂၀၁၃-၁၄ ရာသီမှာတော့ မီဒမ်မာ ဟာ ဟီရန်ဗင်း အတွက် ၃၉ ဂိုးသွင်းပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်လာကာ နောက်ရာသီမှာတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ် ။

မီဒမ်မာ ဟာ ဘိုင်ယန်မြူးနစ် အသင်းကို ရောက်ရောက်ချင်းမှာ လူငယ်အသင်းမှာပဲ ကစားရပေမယ့် နောက်ပိုင်းမှာ အသင်းကြီး ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ် ။ မီဒမ်မာ ဟာ ဘိုင်ယန်မြူးနစ် အမျိုးသမီး အသင်းကို ၁၉၇၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အမှတ်ပေး ချန်ပီယံ ဖြစ်အောင် ကူညီ ပေးခဲ့ပါတယ် ။

၄ ။ မီဒမ်မာ ရဲ့ အာဆင်နယ် ကစားသမား ဘဝ

၂၀၁၇ ခုနှစ် မေလမှာတော့ မီဒမ်မာ ဟာ အာဆင်နယ် ကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့ပါတယ် ။ မီဒမ်မာ ဟာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံးဂိုးကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ အဲဗာတန် ဘက်ကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

၅ ။ အာဆင်နယ် ကစားသမား ဘဝ ဂိုး ၁၀၀ ပြည့်ဖို့ ပွဲ ၁၁၀ သာ ကစားခဲ့ရတဲ့ မီဒမ်မာ

မီဒမ်မာ ဟာ အာဆင်နယ် အမျိုးသမီး အသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ဖို့ ပွဲပေါင်း ၁၁၀ သာ ကစားခဲ့ရပြီး အချိန်ကာလ လေးနှစ်သာ ယူခဲ့ရပါတယ် ။ မီဒမ်မာ ဟာ သူ့ရဲ့ သွင်းဂိုး ၁၀၀ ကို ညာခြေနဲ့ ၄၉ ဂိုး ၊ ဘယ်ခြေ နဲ့ ၄၁ ဂိုး ၊ ခေါင်းတိုက် ၁၀ ဂိုး သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

မီဒမ်မာ ဟာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ သွင်းဂိုး ၅၀ ပြည့်ဟာလည်း Slavia ဘက်ကိုပဲ သွင်းယူ ခဲ့တာ ဖြစ်နေတာကလည်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ ဒါ့အပြင် မီဒမ်မာ ဟာ အာဆင်နယ် အမျိုးသမီး အသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ကိုးယောက်မြောက် ကစားသမားလည်း ဖြစ်ပါတယ် ။

ထူးထူးခြားခြား အနေနဲ့ မီဒမ်မာ ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးကို ၉ ရက် ၉ လ မှာ သွင်းယူ ခဲ့တာ ဖြစ်ပြီး အာဆင်နယ် ကစားသမား ဘဝ သွင်းဂိုး ၁၀၀ ပြည့်ကိုလည်း ၉ ရက် ၉ လ မှာပဲ သွင်းယူ နိုင်ခဲ့တာပါ ။

၆ ။ အင်္ဂလန် အမျိုးသမီး စူပါလိဂ် ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား

မီဒမ်မာ ဟာ ပြီးခဲ့တဲ့နှစ်က နီကီတာ ပဲရစ်(၄၉ ဂိုး) နဲ့ အယ်လင်ဝှိုက်(၄၈ ဂိုး) တို့ကို ကျော်ဖြတ်ပြီး အင်္ဂလန် အမျိုးသမီး စူပါလိဂ် ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။ ဒါ့အပြင် မီဒမ်မာ ဟာ အင်္ဂလန် အမျိုးသမီး စူပါလိဂ်မှာ သွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။

ဒီရာသီမှာလည်း လိဂ်ပြိုင်ပွဲမှာ မီဒမ်မာ ဟာ သွင်းဂိုး တစ်ဂိုး သွင်းယူထားပြီး အမျိုးသမီး စူပါလိဂ် သွင်းဂိုး ၆၁ ဂိုးအထိ ရှိနေပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် မီဒမ်မာ ဟာ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းကလည်း လိဂ်သွင်းဂိုး ၂၂ ဂိုး သွင်းယူပြီး တစ်ရာသီအတွင်း လိဂ်ဂိုး အများဆုံး သွင်းယူ နိုင်သူ ဖြစ်လာခဲ့ပါတယ် ။

၇ ။ နယ်သာလန် ဘောလုံး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မီဒမ်မာ ဟာ အသက် ၂၂ နှစ်မှာပဲ နယ်သာလန် ဘောလုံး အသင်း( အမျိုးသား အသင်း ကော အမျိုးသမီး အသင်းမှာပါ ) ရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့သူပါ ။ မီဒမ်မာ ဟာ နယ်သာလန် အမျိုးသမီး အသင်းအတွက် ပွဲပေါင်း ၁၀၀ ကစားပြီး သွင်းဂိုး ၈၃ ဂိုး အထိ သွင်းထားပါတယ် ။

၈ ။ မီဒမ်မာ ရဲ့idol နဲ့ ကြွယ်ဝ ချမ်းသာမှု

မီဒမ်မာ ဟာ အမျိုးသား ဘောလုံးပွဲတွေ အမြောက်အများ ကြည့်ပြီး ကြီးပြင်လာသူ ဖြစ်ကာ သူ့ရဲ့ idol ကတော့ အာဆင်နယ် နဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီ ပါ ။ ဒါ့အပြင် သူဟာ နစ္စတယ်ရွိုင်း နဲ့ ကူရစ် တို့ရဲ့ ကစားပွဲတွေကိုလည်း ကြည့်လေ ရှိပါတယ် ။

မီဒမ်မာ ရဲ့ တစ်နှစ် ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ဝင်ငွေ ပေါင် ၁ သန်း ဝန်းကျင် ရှိတယ်လို့ သိရပြီး သူ့ရဲ့ လစာ အတိအကျကိုတော့ မသိရပါဘူး ။ မီဒမ်မာ ဟာ Adidas ၊ FlowSports တို့နဲ့လည်း စပွန်ဆာ စာချုပ် ချုပ်ဆို ထားပါတယ် ။

၉ ။ မီဒမ်မာ ရဲ့ အချစ်ရေး

မီဒမ်မာ ဟာ lesbian တစ်ဦး ဖြစ်ပါတယ် ၊ သူ့ရဲ့girlfriend က အာဆင်နယ် အမျိုးသမီး အသင်း က Lisa Evans ပါ ( ခုတော့ ဝက်စ်ဟမ်း အမျိုးသမီး အသင်းမှာ အငှား ထွက်ကစား နေပါတယ် ) ။ မီဒမ်မာ က နယ်သာလန် လူမျိုး ဖြစ်ပြီး အီဗန်စ် ကတော့ စကော့တလန် ပါ ၊ အီဗန်စ် က မီဒမ်မာ ထက် ၄ နှစ် ကြီးပါတယ် ။

သူတို့ နှစ်ဦးဟာ ဘိုင်ယန်မြူးနစ် မှာ ကတည်းက အသင်းဖော်တွေ ဖြစ်ကြပြီး ၂၀၁၆ ခုနှစ်မှာ စတင် date ခဲ့ကြပါတယ် ၊ ခုဆို RS သက်တမ်း ၅ နှစ် သက်တမ်း ရှိပြီ ဆိုရမှာပါ ။ မီဒမ်မာ နဲ့ အီဗန်စ် တို့ဟာ မြောက်လန်ဒန် နဲ့ မိနစ် ၃၀ သာ ဝေးတဲ့ တိုက်ခန်း တစ်ခုမှာ အတူ နေထိုင်ကြပါတယ် ။

မီဒမ်မာ နဲ့ လီဆာအီဗန်စ် တို့နှစ်ဦးရဲ့ vlog တွေကို ကြည့်ချင်ရင်တော့ #WePlayStrong – The Women’s Football Channel ( You Tube ) မှာ ကြည့်ရှု နိုင်ပါတယ် ။

၁၀ ။ War Child ရဲ့ Ambassador

မီဒမ်မာ ဟာ အကြမ်းဖက်မှု နဲ့ လက်နက်ကိုင် ပဋိယက္ခ တွေကြောင့် ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက် ခဲ့ရတဲ့ ကလေးတွေကို အကူအညီ ပေးနေတဲ့ War Child ရဲ့ Ambassador တစ်ဦး ဖြစ်ပါတယ် ။ မီဒမ်မာ ဟာ အင်တာဗျူး တစ်ခုမှာ သူသာ ဘောလုံး မကစားဖြစ်ခဲ့ရင် ကလေးတွေကို ထောက်ပံ့ ကူညီတဲ့ အလုပ်လုပ်ဖြစ်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။

၁၁ ။ မီဒမ်မာ ရဲ့ တစ်ဦးချင်း ဆုတံဆိပ် နဲ့ အောင်မြင်မှုများ

ဘွန်ဒက်စ်လီဂါ ဖလား ၂ ကြိမ် (၂၀၁၄-၁၅)(၂၀၁၅-၁၆) အမျိုးသမီးစူပါလိဂ် အမှတ်ပေးဖလား(၂၀၁၈-၁၉) အင်္ဂလန် အမျိုးသမီး လိဂ်ဖလား (၂၀၁၇-၁၈) ယူရို ယူ၁၉ ချန်ပီယံ (၂၀၁၄)
အမျိုးသမီး ယူရို ချန်ပီယံ (၂၀၁၇) အမျိုးသမီး ကမ္ဘာ့ဖလား ဒုတိယ (၂၀၁၉) UEFA Women’s Under-19 Championship Golden Player: 2014 London Football Awards Women’s Player of the Year: 2018–19, 2019–20 PFA Women’s Players’ Player of the Year: 2018–19 FWA Women’s Footballer of Year: 2019–20 Top scorer in the UEFA Women’s Champions League 2019–20
IFFHS Women’s World Team: 2020
FIFA FIFPro Women’s World11: 2020

* တစ်ဦးချင်း စံချိန်မှတ်တမ်းတွေကတော့ များပြားလွန်းတာကြောင့် ထည့်မရေးတော့ပါဘူး ။

Crd-SM