Local News

ကလေးဝက Mytel တာဝါတိုင်ကို တစ်ချက်တည်းနဲ့လဲသွားအောင် မိုင်းခွဲဖျက်ဆီးပြီး ညာသံပေးကာ ချီတက်ခဲ့ကြတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်

ယခုလတ်တလောမှာတော့ အာဏာရှင်လူတစ်စုရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးနေကြတာ တွေ့ရပါတယ်။

အနယ်နယ်အရပ်ရပ်မှာရှိတဲ့ Mytel တာဝါတိုင်တွေကို PDF တွေက ရတဲ့နည်းလမ်းနဲ့ ဖောက်ခွဲရေးတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် Mytel နဲ့ဆက်စပ်ပစ္စည်းတွေကိုလည်း သူတို့က မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ် ။

မနေ့က စက်တင်ဘာလ (၁၀)ရက်ကဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ်ရှိ Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ဗီဒီယိုဖိုင်အရ ဒေသခံအင်အားစုတွေက ကလေးဝက Mytel တာဝါတိုင်ကို တစ်ချက်တည်းနဲ့လဲသွားအောင် မိုင်းခွဲခဲ့တာ ဖြစ်ပါတယ် ။ တိုင်ပါလဲသွားတဲ့ အခြေအနေကိုကြည့်ပြီး PDF တွေက အောင်ပွဲခံခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ဒါ့အပြင် PDF တွေက Mytel တာဝါတိုင်ရှိရာ နေရာကို ညာသံပေးကာ အပြေးအလွှား ချီတက်သွားကြတာလည်း ဖြစ်ပါတယ် ။ ကလေးဝမြို့နယ်က Mytel တာဝါတိုင်ကတော့ PDF ရဲ့ မိုင်းခွဲခံရပြီးနောက် လဲကျပျက်စီးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အာဏာရှင်လူတစ်စုပိုင်ဆိုင်တဲ့ ကလေးဝမြို့နယ်က Mytel တာဝါတိုင်ကို ဖောက်ခွဲရေးပြုလုပ်ခဲ့တဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Videoကြည့်ရန် Copyယူ Facebook Only meတင်ကြည့်ပါ။

https://www.facebook.com/106559704436097/posts/368685964890135/

Credit