Sports

စစ်ကောင်စီတပ် ခမရ ၃၃၆ တပ်ရင်းကို ဖယ်ခုံ PDF က ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ

စစ်ကောင်စီတပ် ခမရ ၃၃၆ တပ်ရင်းကို ဖယ်ခုံ PDF က ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၃၆ တပ်ရင်းအား ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီတွင် ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတပ်ရင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်ရင်းမာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက်ကျဆုံးစာရင်းအား လတ်တလော အတည်ပြုချက် မရရှိသေးပေ။khit thit media

unicode




