Sports

ငါက ရွှေဘောလုံးဆုနဲ့ လွဲခဲ့တာ မဟုတ်ဘူး

ရော်နယ်ဒို ၊ မက်စီတို့လောက် အရည်ချင်း မနိမ့်ကြောင်းပြောဆိုရင်း ရွှေဘောလုံးဆု မရခဲ့တဲ့မေးခွန်းကို လှလှပပ ဖြေကြားခဲ့တဲ့ -မိုဗစ်

၃၉ နှစ် အရွယ် ရောက်ရှိနေတဲ့ တိုက်စစ်မှုး မိုဗစ်ဟာ နတ်ဘုရားကြီးလို့ ထင်ရှားခဲ့တဲ့ မှော်ဝန်းဂိုးတွေ သွင်းယူတတ်ပြီ ၊ ကရာတေး ကန်ချက်တွေနဲ့ အံသြလောက်တဲ့ သွင်းဂိုးတွေကို လက်ရှိအချိန်ထိ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးဖြစ်ပါတယ်။

ထိပ်တန်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ ရွှေဘောလုံးဆုနဲ့ ပတ်သက်ပြီ ပြောဆိုမှု တခု ဖွင့်ဟလာပါတယ် ၊ စီးရီးအေ ကလပ် အေစီမီလန်ရဲ့ အဓိက တိုက်စစ်မှုး ဖြစ်သလို့ ဘောလုံးလောကရဲ့ အရှိန်အဝါကြီးတဲ့ ထိပ်တန်းတိုက်စစ်မှူး တဦးဖြစ်ပေမယ့် ရွှေဘောလုံးဆုမရတာက သူညံ့လို့မဟုတ်ပဲ ရွှေဘောလုံးဆုဆိုတာကြီးက သူနဲ့ မထိုက်တန်တာ ဖြစ်တယ်လို့ ပြောဆို ဖွင့်ဟ လာပါတယ်။

တိုက်စစ်မှုးမိုဗစ်အနေနဲ့ ရာသီသစ်မှာ ခြေစွမ်း ကောင်း ပိုင်ဆိုင်ဖို့ အထူးလေ့ကျင့်နေကာ နောက်ဆုံးဖြေကြားခဲ့ အင်တာဗျူး မှာဆိုရင် ပရိတ်တွေကို ဟာသတွေ ပြောတတ်တဲ့ အကျင့်အတိုင်း ဖြေကြားလာပါတယ်။

မေး – ထိပ်တန်း ခြေစွမ်း တွေနဲ့ အထူးကောင်းမွန်နေတာတောင် ဘာကြောင့် ကမ္ဘာအကောင်းဆုံးကစားသမားဆု ရွှေဘောလုံးဆု မရရှိတာလဲ

ဖြေ – ကျွန်တော်ရဲ့ ခြေစွမ်းပိုင်း အရည်ချင်း တွေက ရော်နယ်ဒို့တို့ မက်ဆီတို့ထက် မနိမ့်ကျဘူး ၊ ကျွန်တော်က ရွှေဘောလုံးဆုနဲ့ လွဲခဲ့တာလား ၊”မဟုတ်ပါဘူး။” ရွှေဘောလုံးဆုကသာ ကျွန်တော်နဲ့လွဲခဲ့တာပါလို့ ဖြေကြားခဲ့ပါတယ်။

တိုက်စစ်မှူး မိုဗစ်ဟာ လက်ရှိအချိန်ထိ ခြေစွမ်း ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှုး တယောက်ဖြစ်ကာ ၊ လက်ရှိ အေစီမီလန်ရဲ့ အဓိက တိုက်စစ်မှုး လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီ အသင်းတွက် ပြိုင်ပွဲစုံ ၂၆ပွဲ ကစား သွင်းဂိုး ၁၆ဂိုးရယူနိုင်ကာ ဖန်တီးမှု ၃ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber