Sports

ဝန်ခံမှုနှစ်ခု ဖွင့်ဟခဲ့ပြီး ချန်ပီယံဆုတွေ သိမ်းပိုက်ဖို့ လိုအပ်နေတဲ့ အဓိကအချက်ကိုထောက်ပြ ခဲ့တဲ့ – ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်ရောက်လာခဲ့တဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ အသင်းအတွက် တစ်ပွဲ ကစားပေး အပြီးမှာပဲ ချန်ပီယံလိဂ် ပရီးမီးယားလိဂ် ဖလားတွေကို ဆွတ်ခူးဖို့အတွက်် အသင်းမှာ ဘာလိုအပ်လဲဆိုတာ ထောက်ပြသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ပရီးမီးယားလိဂ် ပွဲစဥ် 4 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ 4 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကာ အမှတ်ပေး ဇယားကို တဖန်ပြန်လည် ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ပရိသတ်တွေ စောင့်မျှော်နေခဲ့ကြတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ အဖွင့်ဂိုး ၊ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်နေခဲ့တဲ့ ပွဲချိန် 62 မိနစ်မှာ ဦးဆောင်ဂိုး တွေကို သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ် ။

အခုတော့ ဆုဖလား အောင်မြင်မှုတွေကို စွဲလန်းနေခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေဟာ ရော်နယ်ဒိုရဲ့ အစွမ်းပြမှု ၊ အသင်းရဲ့ ကစားပုံတွေကို ကြည့်ရှုပြီး 2017 ခုနှစ်နောက်် ပထမဆုံး အကြိမ် အဖြစ် ဆုဖလား အောင်မြင််မှုတွေကို တဖန် ပြန်လည် ရရှိနိုင်ဖို့ အိပ်မက်တွေ ထားရှိနေခဲ့ကြပါပြီ ။

အခုလိုယူနိုက်တက် အတွက် ပွဲဦးထွက်မှာပဲ အစွမ််းပြသွားခဲ့တဲ့ ရော်နယ်ဒိုက အသင်းမှာ အောင်မြင်မှုတွေကို ရရှိနိုင်ဖို့ အတွက် အခြေခံကောင်းတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးနိုင်ရေးအတွက် ဒီထက််ပိုပြီး တည်ငြိမ်ရင့်ကျက်မှုတွေ ပိုင်ဆိုင်ဖို့ လိုအပ်သေးကြောင်း ထောက်ပြသွားခဲ့လိုက်ပါတယ် ။

” လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့အလုပ်ကို လုပ်ဆောင်ကြရပါလိမ့်မယ် ။ ကျွန်တော်တို့ဆီမှာ အံ့ဖွယ် ကောင်းလှတဲ့ အသင်း တစ်သင်း ၊ လူငယ် အသင်းနဲ့ နည်းပြကောင်း တစ်ဦး ရှိနေပါတယ် ”

” ဒါပေမဲ့ ကျွန်တော် အရင်က ပြောခဲ့သလို ပါပဲ ၊ ကျွန်တော််တို့ ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုအပ်ပါသေးတယ် ။ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ််ခူးနိုင်ဖို့ အတွက်ဆိုရင် အသင်း အနေနဲ့ အခုထက်ပိုပြီး တည်ငြိမ် ရင့်ကျက်ဖို့ လိုအပ်နေပါသေးတယ် ”

” ကျွန်တော်တို့ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေကြပြီလို့ ထင်ပါတယ် ။ ကျွန်တော်တို့ နိုင်ပွဲတွေနဲ့ အတူ ယုံကြည်မှုတွေကို တည်ဆောက်ဖို့ ၊ အသင်းကို တည််ဆောက်ဖို့ လိုအပ်ပါတယ် ။ အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော် ဒီကိုရောက်ရှိနေတာပါ ” လို့ ရော်နယ်ဒိုက ပြောပြသွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်းအတွက် ပြန်လည် ကစားပေးရေး မတိုင်မီ သူဟာ စိတ်လှုပ်ရှား နေခဲ့ရကြောင်း ၊ ဒါကို သူ့ရဲ့ မျက်နှာအထက်မှာ မဖော်ပြခဲ့ပေမဲ့ သူ့ရဲ့ နာမည်ကို အော််ဟစ်ပြီး ပရိသတ်တွေ အခုလောက်အထိ အားပေးကြမ်းကြလိမ့်မယ်ဆိုတာလည်း မမျှော်လင့်ခဲ့ကြောင်း ၊ အဖွင့်ပွဲမှာပဲ နှစ်ဂိုးအထိ သွင်းနိုင်လိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ကြောင်း ရော်နယ်ဒိုက ဝန်ခံသွားခဲ့လိုက်ပါတယ် ။

” ပွဲစဥ် စတင်လိုက်ကတည်းက ကျွန်တော် စိတ်လှုပ်ရှားနေခဲ့ရပါတယ် ။ ဒါဟာ သာမန် ကိစ္စတစ်ခု ပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်အထိ ကျွန်တော့်ရဲ့ နာမည်ကို ဟစ််အော်ပြီး အားပေးကြလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူးလေ ။ ကျွန်တော် စိတ်လှုပ်ရှားခဲ့ပါတယ် ။ ဒါတွေကို မဖော်ပြကောင်း မဖော်ပြနိုင်ခဲ့ပါဘူး ”

” ပြီးတော့ အဖွင့်ပွဲမှာပဲ နှစ်ဂိုးထိ သွင်းယူနိုင်ဖို့ကိုလည်း ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး ။ တစ်ဂိုး မျှော်လင့်ခဲ့ပါတယ်် ၊ နှစ်ဂိုးတော့ မမျှော်လင့်ခဲ့ဘူးပေါ့ဗျာ ။ ဒီ​နေ့ ပရိသတ်တွေ ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေကို တကယ်ပဲ အသိအမှတ်ပြုပါတယ် ။ ဒီအတွက် တကယ်ပဲ ဂုဏ်ယူမိပါတယ် ” လို့ ရော်နယ်ဒိုက ပြောကြားသွားခဲ့လိုက်ပါတယ် ။

Credit – Sports_Myanmar