Sports

အိုနေပြီလို့ ပြောဆို ဝေဖန်ထားတဲ့ ကာရေဂါကို ပွဲဦးထွက်မှာတင် အသံတိတ်အောင် ရိုက်ထည့်လိုက်တဲ့ -ရော်နယ်ဒို

အိုနေပြီလို့ ပြောဆို ဝေဖန်ထားတဲ့ ကာရေဂါကို ပွဲဦးထွက်မှာတင် အသံတိတ်အောင် ရိုက်ထည့်လိုက်တဲ့ -ရော်နယ်ဒို

ယနေ့ည ၈နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ဖြစ်တာနဲ့အညီ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပွဲစ ပွဲဆုံး ဖိအားပေး ကစားခဲ့ပြီး နယူးကာဆယ်အသင်း ကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားပြု ကစားခဲ့ကာ အယ်မီရွန် ၊ ဂျိုလင်တန်နဲ့ မက်စီမန်တို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့ပါတယ်။

ယနေ့ပွဲမှာတော့ အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုက သူဟာ အသက်အရွယ်ကြောင့် ပရီးမီးယားလိဂ်မှာ ရုန်းကန်ရလိမ့်မယ် ဆိုတဲ့ ဝေဖန်မှုတွေကို ကောင်းကောင်းကြီး ချေဖျက်ပြခဲ့ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နိုင်ပွဲကို လွယ်လွယ်ကူကူ ရခဲ့တာပါ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမား ကာရေဂါဟာ သူ့ရဲ့ အစီအစဉ်တွေမှာ ရိုနယ်ဒို တယောက် ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာရင် အသက်အရွယ်ကြောင့် ရုန်းကန်ရလိမ့်မယ် လို့ အဆက်မပြတ် ဝေဖန်ခဲ့တာ ဖြစ်ပြီး ယနေ့ညမှာတော့ ရိုနယ်ဒိုဟာ ကာရေဂါရဲ့ ဝေဖန်ချက်တွေ မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။

ကာရေဂါက ရိုနယ်ဒို ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာမှုအပေါ် – “သူက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး ဆိုတာ မမှားပါဘူး။ ဒါကိုလည်း သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူက အရမ်းကို အသက်ကြီးနေပါပြီ။ ဒါကြောင့် သူ ပြန်ရောက်လာတာက ယူနိုက်တက် အတွက် အနုတ်လက္ခဏာပဲ ဆောင်ပါလိမ့်မယ်” ဆိုပြီး ဝေဖန်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုက သူဟာ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ဆိုတာကို ကာရေဂါ သိအောင် ကောင်းကောင်းကြီး သက်သေပြခဲ့ပြီး ကာရေဂါကတော့ ရိုနယ်ဒိုကို ဝေဖန်မိတဲ့ အတွက် နောင်တတွေ ရကောင်း ရနေပါလိမ့်မယ်။

Credit