Local News

“အမည်မသိ လက်နက်ကိုင်လူတစ်စုရဲ့ ဝင်ရောက် မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်တချို့ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခဲ့ရတဲ့ ကျောက်ပြုတ်ကျေးရွာက ရုပ်သံဖိုင်”

“အမည်မသိ လက်နက်ကိုင်လူတစ်စုရဲ့ ဝင်ရောက် မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်တချို့ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခဲ့ရတဲ့ ကျောက်ပြုတ်ကျေးရွာက ရုပ်သံဖိုင်”

ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်တဲ့အချိန် မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာကို စိတ်မကောင်းစွာ တွေ့လာရပါတယ်။

မီးလောင်မှုတွေမှာ လူနေအိမ် အများအပြားလည်း ပါဝင်သလို အများပြည်သူတွေအသုံးပြုတဲ့ စျေးများလည်း ပိုမိုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တချို့ မီးလောင်မှုတွေမှာ လူသေဆုံးခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာ တွေ့ရပါတယ်။

ဒီလိုမီးလောင်မှုတွေကြောင့် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အများအပြားဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ယခုမှာဆိုရင်လည်း ဆိုးဆိုးဝါးဝါးမီးလောင်ကျွမ်းခဲ့တဲ့ စိတ်မကောင်းစရာ ရုပ်သံဖိုင် တစ်ခုဟာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ဟာ စစ်ကိုင်းတိုင်း၊ကလေးမြို့၊ ကျောက်ပြုတ်ကျေးရွာက ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ (၁၁)ရက်နေ့ ည (၁၀)နာရီခွဲလောက်မှာ ကျောက်ပြုတ်ကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်စီးသွားတာလို့ သိရပါတယ်။ အဆိုပါ မီးရှို့မှုကြောင့် နေအိမ်တော်တော်များများ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီရုပ်သံဖိုင်ကို ဒေသခံပြည်သူတစ်ဦးက မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီရုပ်သံဖိုင်လေးကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Video ကြည့်ရန် Linkကို Copyယူ Facebook မှာ Open နှိပ်ကြည့်ပါ။
https://m.facebook.com/story.php?story_fbid=546206823122790&id=100026022217647

Credit