love Sports

ချစ်ကံခေနေတဲ့ သူတွေတောင် သနားသွားအောင် ရက်ဖို့ဒ်ကို ချေမိုးပြနေတဲ့ ရက်ဖို့ဒ်ရဲ့ Crushလေး

အမေရိကမှာ ယှဉ်ပြိုင် ကစား ခဲ့တဲ့ US Open တင်းနစ် ပြိုင်ပွဲရဲ့ အမျိူသမီး တဦးချင်း ဗိုလ်လုပွဲမှာ ဗြိတိန် တင်းနစ်မယ်လေး အမ်မာ ရာဒူကနူ ဟာ ကနေဒါ တင်းနစ်မယ် လေလာ ဖာနန်ဒက်စ် ကိုအနိုင်ကစားပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ဗြိတိန် နင်းနစ်မယ်လေး အမ်မာ ရာဒူကနူ ကတော့ ဒီကနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ယူအက်စ် အိုးပင်း တင်းနစ် ဗိုလ်လုပွဲမှာ ကနေဒါ တင်းနစ်မယ် လေလာ ဖာနန်ဒက်စ် ကို ၂ ပွဲပြတ် အနိုင် ကစားပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့ ပါတယ်။

အသက် ၁၈နှစ်အရွယ် တင်းနစ်မယ်အမ်မာဟာ ၇ လပိုင်းတုန်းက ဆေးရုံတက်ခဲ့ရတာကြောင့် ရက်ဖို့ဒ်က အားပေးစကားပြောကြားပေးခဲ့ဖူးပါတယ်။ရက်ဖို့ဒ်ဟာ သူတုန်းကလည်း အခုလို ဒဏ်ရာ ရရှိဖူးကြောင်း အားငယ်ဖို့ မလိုကြောင်း အားပေးစကားပြောခဲ့ပါတယ်။ အမ်မာကလည်းညရက်ဖို့ဒ်ရဲ့ အားပေးစကားအတွက် ကျေးဇူးတင်ကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ တင်းနစ်မယ် အမ်မာရဲ့ ပွဲကို အားပေးနေပြီး “ဘယ်လိုတောင်ရိုက်လိုက်တာလဲ” “ဟုတ်ပြီ ဆက်ကြိုးစားထား” US open မှာ ချန်ပီယံဖြစ်သွားတဲ့ အမ်မာကို ချီးကျူးပါတယ်ဆိုပြီး” စာတွေတင်ခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ စာတွေအများရီးနဲ့ ချီးကျူးပြောဆိုခဲ့ပေမယ့် အခုထိတော့ အမ်မာက အကြောင်းမပြန်သေးတာကြောင့် ဆော်ပစ်ကောင်လေး ရက်ဖို့ဒ်တစ်​ယောက် ဘယ်လိုအကွက်တွေ ဆက်ရွေ့မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

ရက်ဖို့ဒ်ဟာ ယူရို၂၀၂၀ပြိုင်ပွဲအပြီးမှာ ပခုံးဒဏ်ရာခွဲစိတ်ကုသခဲ့တာကြောင့် မန်ယူအသင်းမှာ ပွဲထွက်မကစားသေးတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အပေါ့စားလေ့ကျင့်ခန်းတွေလုပ်နေပြီး မန်ယူအသင်းနဲ့မကြာခင်မှာ ပူပေါင်းနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ရက်ဖို့ဒ်ဟာ ပရိဟိတအရမ်းလုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဂုဏ်ပြုဆုတံဆိပ်တွေပါ ရရှိထားတဲ့ လူထုအကျိုးပြုတဲ့ သားကောင်းရတနာလေးဖြစ်ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အမ်မာ ရာဒူကနူ ဟာ ၄၄ နှစ် အကြာမှာ ပထမဆုံး မြင်တွေ့ ခဲ့ရတဲ့ ဗြိတိန် ဂရန်းစလမ်း ချန်ပီယံ ( အမျိုးသမီး ) ဖြစ်လာခဲ့ပြီး အင်္ဂလန် နိုင်ငံ တဝှမ်းက တော်ဝင် မိသားစုတွေ ၊ အကျော် အမော်တွေ နဲ့ ဘောလုံး သမားတွေဟာ အမ်မာ ရဲ့ အောင်ပွဲကို ဝိုင်းဝန်း ဂုဏ်ပြု ခဲ့ကြပါတယ် ။

အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ကတော့ အမ်မာ ရာဒူကနူ အတွက် တော်ဝင် အမှတ်တံဆိပ် နဲ့ စာရေးသား ဂုဏ်ပြု ပေးသွား ခဲ့တယ်လို့ သိရ ပါတယ်။

Crd -Sport Evening