Sports

မန်ချက်စတာ ယူနိုကတက် သတင်းတိုများ စုစည်းမှု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယမန်နေ့ ညက ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်း မှာ ဧည့်ခံ ကစားပြီး ၄ – ၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် တကျော့ပြန် တိုက်စစ်မှူးကြီး ရိုနယ်ဒို က ၂ ဂိုး သွင်းပေး ခဲ့ပြီး ဂျက်ဆီ လင်ဂတ် နဲ့ ဘရူနို ဖာနန်ဒက်စ် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

ရိုနယ်ဒို အတွက်တော့ ၁၂ နှစ်ကျော် ကြာပြီးမှ ပြန်ရောက် လာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား အဖွင့်ဟာ လှပစွာ ပြီးဆုံး ခဲ့ ပါတယ် ။ ပရိသတ်တွေ ရွေးချယ်တဲ့ Man of the Match လည်း ဖြစ်ခဲ့ ပါတယ် ။

 

ပေါ်တူဂီသားကြီး ဟာ ပွဲချိန်ပြည့် ကစားခဲ့သလို ဂိုးကန်သွင်းမှု ၆ ကြိမ် မှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့ ပါတယ် ။

 

ရိုနယ်ဒို ဟာ ၂၀၁၀ ခုနှစ် ဧပြီလ က ဘန်လေ ကစားသမား ဂရေဟမ် အလက်ဇန်းဒါး ပြီးရင် ပရီးမီးယားလိဂ် မှာ ၂ ဂိုး သွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့ ပါတယ် ။

 

ပွဲအပြီးမှာတော့ ရိုနယ်ဒို က သူ့အနေနဲ့ အခုလို ပြန်ကစားတဲ့ ပထမဆုံး ပွဲမှာ ဂိုးသွင်းနိုင်လို့ ပျော်ရွှင်ကြောင်း နဲ့ ယူနိုက်တက် အသင်းသားတွေ အနေနဲ့ ဆုဖလားတွေ ရယူလိုပါက အစဉ်အမြဲ တက်ကြွနေဖို့ လိုအပ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

မနေ့က ကစားခဲ့တဲ့ ပွဲကို ရိုနယ်ဒို ရဲ့ မိခင် မာရီယာ ဒလောရက် လာရောက် ကြည့်ရှု ခဲ့ပြီး သားဖြစ်သူ ဂိုးသွင်း အပြီးမှာ ဝမ်းသာမျက်ရည် ကျခဲ့တယ်လို့ ကြားသိရ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် ကစားသမားဟောင်း ရိုင်ယန်ဂစ် ၊ အင်္ဂလန် နည်းပြဟောင်း ဆမ်အာလာဒွိုက်စ် ၊ ဟောလိဝုဒ် သရုပ်ဆောင် ဂယ်ရီအိုးမန်း တို့လည်း အိုးထရက်ဖိုဒ့် ကွင်းထဲကို လာရောက် အားပေး ခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

ဒီပွဲကို လာရောက် အားပေးခဲ့တဲ့ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ရိုနယ်ဒို ကို ပြန်လည် ခေါ်ယူရေးမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ပြီး ရိုနယ်ဒို ကို မန်စီးတီး ဂျာစီနဲ့ မြင်တွေ့ရဖို့ ခွင့်မပြု နိုင်ခဲ့ဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ တရားဝင် Fantasy Premier League ဂိမ်း မှာ ပါဝင် ကစားသူ ၃၅၅ ယောက်ဟာ ရိုနယ်ဒို ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ဝင်ခဲ့ကြတာကြောင့် နယူးကာဆယ်ပွဲ ပထမပိုင်း အပြီးမှာ ပေါ်တူဂီသားကို ရောင်းထုတ် ခဲ့ကြတယ်လို့ သိရ ပါတယ် ။

 

ဒါပေမယ့် ပွဲ အပြီးမှာတော့ ရိုနယ်ဒို ဟာ သွင်းဂိုး ၂ ဂိုး အပါအဝင် ၁၃ မှတ်အထိ ရယူ ပေး သွားခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ FPL မှာ တန်ကြေး ၁၂.၅ သန်း နဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား အဖြစ် မိုဟာမက် ဆာလာ နဲ့ အတူ ရပ်တည် နေသူလည်း ဖြစ်ပါတယ် ။

 

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကတော့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ခဲ့ပြီး ပွဲစဉ် ၄ အပြီးမှာတင် ဖန်တီးမှု ၇ ကြိမ် အထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ရိုနယ်ဒို အပေါ် အမြင်မကြည်တဲ့ ပရိသတ် အချို့ ကတော့ ၂၀၀၉ ခုနှစ် တုန်းက ရိုနယ်ဒို နဲ့ အမေရိကန်သူ မာယော်ဂါ တို့ရဲ့ ကိစ္စကို ပြန်လည် အစဖော်ကာ ‘believe Kathryn Mayorga’ ဆိုတဲ့ စာတမ်းကို လေယာဉ်မှာ ချိတ်ဆွဲပြီး အိုးထရက်ဖိုဒ့် ကောင်းကင်ယံ ထက်မှာ ပျံသန်း သွားခဲ့တယ် လို့ ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် နဲ့ လာမယ့် အပတ် မှာ ရင်ဆိုင် ကစားမယ့် ဝက်စ်ဟမ်း အသင်း ဘက်မှာတော့ အားထားရတဲ့ တိုက်စစ်မှူး အန်တိုနီယို ပါဝင် မလာ နိုင်တော့ ပါဘူး ။ ဝက်စ်ဟမ်း သမိုင်းတလျောက် သွင်းဂိုး အများဆုံး ကစားသမား အန်တိုနီယို ဟာ ယမန်နေ့ ညက ဆောက်သမ်တန် နဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ အဝါ ၂ ကတ် ထိပြီး အနီနဲ့ ထုတ်ပယ် ခံခဲ့ ရတာကြောင့် ၁ ပွဲပယ် အပြစ်ဒဏ် ကျခံ ရတော့မှာပဲ ဖြစ် ပါတယ် ။

 

ယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာ မာတစ် ကတော့ အသင်းဟာ ရိုနယ်ဒို ပြန်ရောက်လာ အပြီးမှာ ပြီးပြည့်စုံလုနီးပါး ဟန်ချက်ညီ သွားခဲ့ပြီလို့ ပြောဆိုရင်း ဆုဖလားတွေ အတွက် ပိုမို အခွင့်အရေး များလာခဲ့ပြီလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ လူငယ်လေး အာမက် ဒီရယ်လို ထရာအိုရေး ပြန်ကစား နိုင်ဖို့ အတွက် ၁ လ လောက် အနည်းဆုံး ကြာဦးမယ် လို့ ယမန်နေ့က ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူးကြီး အီဒင်ဆင် ကာဗာနီ က အီတလီ နဲ့ ယူဗင်တပ် ခံစစ်မှူးကြီး ချီယာလီနီ ဟာ သူ့ဘ၀ တလျောက် ရင်ဆိုင် ခဲ့ရတဲ့ ပြိုင်ဘက် ခံစစ်သမားတွေ အနက် အခက်ခဲဆုံး ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ယူနိုက်တက် ဂျာစီ နဲ့ ကာလ အတန်ကြာ ဝေးကွာ နေတဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ် ကတော့ ယမန်နေ့က ယူ-၂၃ အသင်းနဲ့ အတူ ပြန်လည် ကစားပေး သွားခဲ့ ပါတယ် ။ စီနီယာ အသင်းက ဂျုံးစ် နဲ့ ဂိုးသမား ဟန်ဒါဆင် တို့ ပါဝင် ခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက် ယူ-၂၃ အသင်းဟာ အာဆင်နယ် ယူ-၂၃ အသင်းကို ၃-၁ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ညမှာတော့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

Crd – SM