Sports

မက်စီအပေါ်ထားတဲ့ သဘောထားကို ပြတ်ပြတ်သားသားပြောခဲ့တဲ့ ရော်နယ်ဒို

ဒေးလီးမေးလ် သတင်ဌာနရဲ့ အားကစား ကလောင်ရှင် ပီးယားမော်ဂန်တယောက် ​ရော်နယ်ဒို မန်ယူအသင်းကို မပြောင်းရွှေ့ခင် ပေါ်တူဂီသားကြီးနဲ့ စကားပြောဖြစ်ခဲ့တဲ့ အကြောင်းအရာ တချို့ကို ပြန်လည် ဝေမျှခဲ့ပါတယ်၊

ရော်နယ်ဒိုနဲ့ မက်ဆီဟာ လက်ရှိ အချိန်ထိ ပုံစံမျိုးစုံနဲ့ ချိန်ထိုး နှိုင်းယှဉ်မှုတွေ ရှိနေပေမယ့် ရော်နယ်ဒိုကတော့ မက်ဆီက ရင်ဆိုင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ ပြောဖို့ ဝန်မလေးတတ်ဖူးလို့ ပီးယားမော်ဂန်က ဆိုပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ သူ့ကိုယ်သူ အကောင်းဆုံး ကစားသမား တယောက် ဖြစ်တယ်လို့ ဖြေကြားဖို့ ဘယ်တော့မှ တုန့်ဆိုင်းနေတာမျိုး မရှိပဲ ယုံကြည်ချက် မြင့်မားသူ ဖြစ်တယ်လို့ အခုလို ဆိုသွားခဲ့ပါတယ်။

‘ရင်ဆိုင်ဖူးသမျှထဲမှာ ဘယ်သူက အကောင်းဆုံး ကစားသမား တယောက် ဖြစ်မလဲ’ လို့ ကျွန်တော်သူ့ကို မေးလိုက်တော့ ရော်နယ်ဒိုက အံ့အားသင့်ဖွယ် အဖြေတခုကို လုံးဝ မစဉ်းစားပဲ ပြန်ဖြေခဲ့တယ်လို့ ပီးယားမော်ဂန်က ဆိုပါတယ်။

” အဲ့တုန်းက သူ တူရင်မှာ ဂျူဗင်တပ် အသင်းအတွက် ကစားနေတုန်း အချိန်ပေါ့၊ ကျွန်တော့် အထင် မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် မချရသေးခင် အချိန်လောက် ဖြစ်မယ်။”

” ပြောရမယ်ဆိုရင်တော့ မေးခွန်းက အတော်ကောင်းတဲ့ အကြောင်း အရာလို့ ပြောရပါမယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အေးဆေးပါပဲ။ သိပ်စဉ်းစားတာမျိုး မရှိပဲ ချက်ချင်း ဘယ်လို ပြန်ဖြေလဲ ဆိုတော့ ‘ မက်ဆီ’ ပေါ့လို့ ပြန်ပြောပါတယ်။”

” တကယ်လားလို့ ကျွန်တော်က သူ့ကို ပြန်မေးတာပေါ့။ ဟုတ်တယ်လေ သူ့ရဲ့ မဟာပြိုင်ဖက် ကစားသမားကို အကောင်းဆုံး ကစားသမား တယောက်လို့ ချက်ချင်းပြောလိုက်တော့ အံ့အားသင့်သွားတာပေါ့။”

” ရော်နယ်ဒိုက ‘ သေချာတာပေါ့။ မက်ဆီက ကျွန်တော် ရင်ဆိုင်ဖူးသမျှ ကစားသမားထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်။’ လို့ တိတိကျကျ ပြန်ဖြေသွားခဲ့တာပါ။”

” အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက ကျွန်တော့်ကို ကြိတ်တော့တာပဲ။ ‘ဒီမှာ ပီးယား။ တကယ်တော့ ခင်ဗျား မေးခွန်းမေးတာ မှားနေပြီ။’ လို့ ပြောတယ်။”

” ကျွန်တော်လဲ အိုကေပေါ့။ ငါဘယ်လို မေးရမှာလဲလို့ ပြန်မေးလိုက်တဲ့ အခါမှာ ရော်နယ်ဒိုက ‘ တကယ်တမ်း ခင်ဗျား မေးသင့်တာက ဘယ်သူက အကောင်းဆုံး ကစားသမားလဲလို့ ‘ မေးရမှာလို့ ဆိုတယ်။”

” ကျွန်တော်လဲ ရယ်လိုက်ပြီးတော့ ဒီမေးခွန်းကိုတော့ မဖြေပါနဲ့တော့။ ငါသိပါတယ်လို့ ပြန်ဖြေခဲ့တယ်။ ရော်နယ်ဒိုက မျက်လုံးကို ဝင့်ပြီး ကြည့်လိုက်သေးတယ်။”

” တကယ်ပြောတာ။ သူက အကောင်းဆုံး ကစားသမားက သူကိုယ်တိုင်ပဲလို့ ယုံကြည်မှု အပြည့်နဲ့ ပြောခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒါကို လက်ခံပါတယ်။ ” ဆိုပြီး ပီးယားမော်ဂန်က ပြန်လည် ဖောက်သည် ချခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီဟာ ဥရောပ ဘောလုံး စင်မြင့်ထက်မှာ ဆယ်စုနှစ် တစုကြာအောင် မင်းမူခဲ့သူတွေ ဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာတော့ အသင်းသစ်တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်နိုင်မယ့် အခွင့်အရေးကို အပြည့်အဝ အသုံးချခဲ့ပြီး ရော်နယ်ဒိုကလည်း ၁၂နှစ်ကြာက ထွက်ခွာခဲ့တဲ့ မန်ချက်စတာကို ပြန်လည် ခြေချခဲ့ပါတယ်။

မက်ဆီတယောက် နိုင်ငံတကာ ပွဲစဉ်တွေ မစတင်ခင်က ပီအက်စ်ဂျီ အသင်းနဲ့ ပွဲထွက်ခဲ့ပြီ ဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ ယခုတပတ် နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ခရက် ဒစ်