Sports

မန်ယူအသင်းကို ပြန်လည်ခြေချလာခဲ့တဲ့ ရော်နယ်ဒို ကြောင့် မပျော်ရွင်ရကြောင်း ပြောဆိုလာတဲ့ -ကလော့ပ်

မန်ချက်စတာ ယူနိုက်တတ် ဂန္တဝင် တိုက်စစ်မှုး ဟောင်း ရော်နယ်ဒို အနေနဲ့ ပြန်လည်ခြေချခဲ့တဲ့ ယူနိုက်တတ် မြက်ခင်းစိမ်းပေါ်မှာ သိသိသာသာ အဖွင့်ပွဲစဥ်မှာပဲ ငါ့မအိုသေ သဘောပေါက်ဆိုတဲ့ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ နယူးကာဆယ် အသင်း အဖွင့်ပွဲစဥ် မှာ ယူနိုက်တတ် အသင်းအတွက် သွင်းဂိုး ၂ဂိုးရယူခဲ့ကာ ၁ပွဲကစား သွင်းဂိုး ၂ဂိုးထိရရှိခဲ့ပြီ ၊ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေး ဇယားထိပ်မှာ လည်း ယူနိုက်တတ် အသင်းရောက်ရှိခဲ့ပါတယ်။

လီဗာပူးအသင်းနည်းပြ ကလော့ကတော့ ယူနိုက်တတ် အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကြောင့် မပျော်ရွှင်ကြောင်းပြောဆိုလာပါတယ်။

ကလော့ကတော့”ပြိုင်ဘက်အသင်းက ရော်နယ်ဒို လို တိုက်စစ်မှူး အရည်အသွေးမြင့်မားတဲ့ ကစားသမားကိုမှ ခေါ်ယူနိုင်ခဲ့တာအတွက် မပျော်ရွင်ပါဘူး ၊ အံသြစရာတခုက ဂျူဗင်တပ်အသင်းကို စွန့်ခွာခဲ့တာပဲ ၊ မန်ယူတို့ ခေါ်ယူနိုင်တာတော့ သိပ်မအံသြရပါဘူး ပြောဆိုလာပါတယ်”။

Photo Credit To Owner
Internet Source
SportsGaber