Local News

ရှေ့နေ ဦးခင်မောင်ဇော် ယနေ့ ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်မာရေး အခြေအနေ…

ရှေ့နေ ဦးခင်မောင်ဇော် ယနေ့ ပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်မာရေး အခြေအနေ…

ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို

ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းလို့ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံစစ်ဆေးဖို့ရှိနေပါတယ်။

” ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြောင်း ဘီဘီစီသတင်းမှာဖော်ထားပါတယ်။

ရှေ့နေ့အဖွဲ့ ရဲ့ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

မနက်ဖြန် အင်္ဂါ စက်တင်ဘာ ၁၄ရက်မှာတော့ ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။ ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာရုံးထုတ် စစ်ဆေးနိုင်တာမရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့လည်း တွေ့ခွင့်မရတာဖြစ်
ပါတယ်။

ရုံးထုတ်မစစ်ဆေးဖြစ်တဲ့ကာလအတွင်း ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စတွေဆွေးနွေးနိုင်ဖို့တွေ့ခွင့်တောင်းထားတဲ့အချိန်မှာပဲ အခုလို ရုံးချိန်းစစ်ဆေးမှုပြန်ဖြစ်လာတာပါ။

လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အာဆီယံအထူးသံတမန်ကစစ်ကောင်စီကိုတောက်လျှောက်တောင်းဆိုနေသလို ၊

ပြီးခဲ့တဲ့လကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ တရုတ် ရဲ့ အာရှရေးရာကိုယ်စားလှယ် ဆွန်းကော့ရှန်ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

အာဏာသိမ်း ၇လကျော်အတွင်းဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းအမှု(၁၀)မှုကိုရင်ဆိုင်ရဖို့ရှိနေတာပါ။

Credit