Local News

ပျူစောထီးများထံမှ ဖောက်ခွဲရေးပစ္စည်းများ နှင့် ကျည်အတောင့် တစ်ထောင်ကျော် ယော PDF သိမ်းဆည်းရမိ

ပျူစောထီးများထံမှ ဖောက်ခွဲရေးပစ္စည်းများ နှင့် ကျည်အတောင့် တစ်ထောင်ကျော် ယော PDF သိမ်းဆည်းရမိ

HTY Information (စက်တင်ဘာလ ၁၄ ရက်)

မကွေးတိုင်းဒေသကြီး၊ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YDFသည် အကြမ်းဖက်စစ်ကောင်စီတပ် လက်ပါးစေ ပျူစောထီများထံမှ ဖောက်ခွဲရေး ပစ္စည်းများ နှင့် ကျည် အတောင့် တစ်ထောင်ကျော်ကိုသိမ်းဆည်းရမိခဲ့သည်ဟု ဒီကနေ့တွင် YDF က ထုတ်ပြန်ပါသည်။

” YDF တပ်ဖွဲဝင်များ သည် ၁၁ ရက်နေ့ညတွင် မင်းရွာရဲစခန်းအား ဝင်တိုက်စဉ် ရန်သူဘက်မှစစ်ကူရောက်လာသဖြင့် အောင်မြင်စွာပြန်လည်ဆုတ် ခွာလာချိန် ခေါက်ကူရွာအနီးတွင် သတင်းအရ ပျူစောထီးများသိုလှောင်ထားသော ဖောက်ခွဲရေးပစ္စည်းများ၊ စနစ်ကြိုးများ၊ မိုင်းများနှင့် ခေါက်ချိုးကျည် အတောင့်တစ်ထောင် ကျော် တန်ဖိုး ကျပ် သိန်း၇၀ ခန့်တွေ့ရှိသဖြင့် သိမ်းဆည်းရရှိခဲ့သည်” ဟု YDF က ဖော်ပြထားပါသည်။

#ပျူစောထီး
#ဓာတ်ပုံ_YDF
#HTY_Information

Credit