International News

ကုလအထွေထွေညီလာခံ၌ စစ်ကောင်စီကိုယ်စားလှယ်တက်ခွင့်မပြုရေး အမေရိကန်နှင့် တရုတ် သဘောတူ…

မြန်မာစစ်ကောင်စီကိုယ်စားလှယ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံပါဝင်ခွင့်မရ

HTY Information (စက်တင်ဘာလ ၁၄ ရက်)

မြန်မာစစ်တပ်ကိုယ်စားလှယ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်ပါဝင်ခွင့်မပြုဖို့ တရုတ်နှင့် အမေရိကန်တို့အကြား သဘောတူခဲ့တယ်လို့ Foreign Policy သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့အာဏာသိမ်းအစိုးရကို နိုင်ငံတကာအသိမှတ်ပြုရေးကိုကြိုးစားနေချိန်မှာ တရုတ်က အခုလိုသဘောတူလိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီကို အခက်ကြုံစေတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်း သည် ကုလသမဂ္ဂမှာဆက်လက်ရှိနေမှာဖြစ်ပြီး ကုလအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားလှယ်ပါဝင်ရေးသည် ဖြစ်နိုင်သလောက် ရွှေ့ဆိုင်းထားမယ်လို့ FP သတင်းမှာရေးသားထားပါတယ်။

တရုတ်နဲ့အမေရိကန်တို့ရဲ့သဘောတူမှုကို အာဆီယံနိုင်ငံ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် ရရှားနိုင်ငံကလည်း လက်ခံကြတယ်လို့ သံတမန်သတင်းအရင်းမြစ်ကိုကိုးကားပြီး Foreign Policy က ရေးသားထားပါတယ်။

#UN
#US #China
#HTY_Information

Credit