Local News

ယနေ့ကျဆုံးသွားသည့်PDF နှစ်ဦးကို ရဲဘော်ညီအကိုများကစျာပနပြုလုပ်ပေးခဲ့ကြ

ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အကြားက ကဒါးလာကျေးရွာမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၅ နာရီကနေ ၉ နာရီအချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး သေဆုံးတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း သုံးဦးထက်မနည်းသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သေဆုံးသွားသူတွေဟာ အသက် ၁၉ နှစ်အရွယ် မောင်ဆီမိုးနယ် (ခ) အောင်နိုင်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကျောင်းဆရာ ကိုပီတာ တို့ဖြစ်ပြီး သူတို့ နှစ်ဦးစလုံးကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သူရဲကောင်းအဖြစ် မှတ်တမ်းတင်တယ်လို့လည်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။

“ မနက်အစောကတည်းက တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီဘက်ကလည်း ၁၀၂ တပ်ကနေ လက်နက်ကြီးတွေနဲ့ ထုတယ်၊ PDF ဘက်က နှစ်ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေတယ်ကြားတယ်၊ အနီးအနားရွာတွေက ဒေသခံတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အလားတူ စက်တင်ဘာလ ၁၃ ရက် မနေ့ည ၆ နာရီကျော်ကနေ ၁၁ နာရီခန့်အထိ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

Unicodeကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အကြားက ကဒါးလာကျေးရွာမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၅ နာရီကနေ ၉ နာရီအချိန် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး သေဆုံးတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်တို့ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း သုံးဦးထက်မနည်းသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သေဆုံးသွားသူတွေဟာ အသက် ၁၉ နှစ်အရွယ် မောင်ဆီမိုးနယ် (ခ) အောင်နိုင်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကျောင်းဆရာ ကိုပီတာ တို့ဖြစ်ပြီး သူတို့ နှစ်ဦးစလုံးကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သူရဲကောင်းအဖြစ် မှတ်တမ်းတင်တယ်လို့လည်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါတယ်။

“ မနက်အစောကတည်းက တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီဘက်ကလည်း ၁၀၂ တပ်ကနေ လက်နက်ကြီးတွေနဲ့ ထုတယ်၊ PDF ဘက်က နှစ်ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေတယ်ကြားတယ်၊ အနီးအနားရွာတွေက ဒေသခံတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အလားတူ စက်တင်ဘာလ ၁၃ ရက် မနေ့ည ၆ နာရီကျော်ကနေ ၁၁ နာရီခန့်အထိ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

Photo: CJ

(ကယားပြည်နယ် ကဒါးလာကျေးရွာတိုက်ပွဲမှာ ၂၀၂၁ စက်တင်ဘာ ၁၄ ရက်နေ့က သေဆုံးသွားတဲ့ ကိုပီတာနဲ့ ကိုအောင်နိုင် တို့ကို တွေ့ရစဥ်)

Credit