Local News

လေကြောင်းပစ်ကူတွေသုံးလို့ ကြောက်သွားမယ့်အထဲ ချင်းစစ်သည်တွေ မပါဘူးဆိုတဲ့ တကယ်လေးစားစရာ ချင်းသူရဲကောင်းစစ်သည်တွေ

လေကြောင်း ပ စ်ကူတွေ သုံးလို့ ကြောက် သွားမယ့်အထဲ ချင်းစစ်သည်တွေ မပါဘူး ၂ဝဝနဲ့ မရရင် ၄၀၀ နဲ့ သိမ်းမယ့် တကယ် လေးစားစရာ ချင်းသူရဲကောင်း စစ်သည်တွေ

ချင်းပြည်နယ် ထန်တလန် မြို့နယ်ထဲက လုံလဲရ် ကျေးရွာမှာ အခြေစိုက် ထားတဲ့ စစ်ကောင်စီ တပ်ရင်းကို CNA နဲ့ CDF ထန်တလန်တို့ ၁၁ ရက်နေ့ကတည်းက အင်အား ၂၀၀ ကျော်နဲ့ တက်သိမ်းခဲ့ပါတယ်

အကြမ်းဖက်စစ်တပ်ဖက်က လေကြောင်းပစ်တွေပါ သုံးပြီးတော့ ကာကွယ်ပစ်ပေးခဲ့ပါတယ်။ လေကြောင်းပစ်တွေ သုံးလို့ ကြောက်သွားမယ့်အထဲ ချင်းစစ်သည်တွေ မပါခဲ့ပါဘူး

အင်အား ၂၀၀ လောက်နဲ့ တက်သိမ်းလို့မရတဲ့ တပ်စခန်းကို အင်အား ၄၀၀ နဲ့ ညဖက် ၇:၄၅ မှာ ထပ်ပြီး တက်သိမ်းခဲ့တာ ည ၉:၃၀ မှာတော့တပ်စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရတယ်

အကြမ်းဖက်စစ်တပ်မှ ၁၂ ယောက် မုန့်ဟင်းခါး ဖြစ်သွားပြီး CNA/CDF ထန်တလန်ဖက်က ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ စခန်းသိမ်းပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းပြီးတော့ စခန်းတခုလုံး မီးရှို့ခဲ့တယ်လို့CDF ထန်တလန်က ထုတ်ပြန်ထားပါတယ်

Bravo ပါဗျာ့ လုံးဝလေးစားဦးညွှတ်လိုက်ပါတယ် ချင်းစစ်သည်များ

unicode







Credit