Sports

စပါးနဲ့ချဲလ်ဆီး၊ဝက်ဟမ်းနဲ့ မန်ယူ ပွဲကောင်းတွေပါတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် (၅)ရလဒ်တွေကို ခန့်မှန်းခဲ့တဲ့ ပေါလ်မာဆင်

တပတ် ပွဲစဉ်တွေ ကို သူ ဘယ်လို ခန့်မှန်း သုံးသပ် ထားသလဲ ဆိုတာ စောင့်ကြည့်လိုက် ကြရအောင်ဗျာ

၁ ။ ဘန်လေ – အာဆင်နယ်

အဲဗာတန် နဲ့ ပွဲမှာ ၅ မိနစ်လောက် ကစားပုံ ညံ့သွားခဲ့ရုံနဲ့ ဘန်လေ တို့ မထိုက်တန်တဲ့ ရလဒ် နဲ့ အိမ်ပြန် ခဲ့ရ ပါတယ်။ပထမပိုင်း တုန်းက ဘန်လေက ပိုကောင်းခဲ့တာပါ။ဒါပေမယ့် အဆုံးသတ် မှာတော့ သူတို့ ရှုံးခဲ့ရ ပါတယ်။ဒီလို မတည်ငြိမ်မှုဟာ အာဆင်နယ် နဲ့ ကစားချိန် မှာ ပြဿနာ ထပ်ဖြစ်လာနိုင် ပါတယ်။အာဆင်နယ် က ဇယားအပေါ်ဘက် ကို ပြန်တက်လာဖို့ အမှတ်တွေ လိုအပ် နေပါပြီ။သူတို့ ထပ်ပြီး အမှားခံလို့ မရတော့ပါဘူး။တပ်ဖ်မော် ( ဘန်လေကွင်း ) မှာ ဘန်လေ က ကြမ်းပေမယ့် အာဆင်နယ်ပဲ ကပ် နိုင်သွားဖို့ များပါတယ်။ဒီလိုမှ မဟုတ်ရင်တော့ သရေဖြစ်မှာပါ။ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက်ကတော့ ဘန်လေ ၁ – ၂ အာဆင်နယ် ပဲ ဖြစ်ပါတယ် ။

၂ ။ မန်ချက်စတာ စီးတီး – ဆောက်သမ်တန်

ဆောက်သမ်တန် အပေါ် ကျွန်တော် လေးစားမှု အပြည့် ရှိပါတယ်။ဒါပေမယ့် ဒီပွဲမှာတော့ မန်စီးတီး ဂိုးဘယ်လောက် သွင်းမလဲ ဆိုတာပဲ မေးဖို့ ရှိမှာပါ။၃ ဂိုးလား ၊ ဒါမှ မဟုတ် ၄ ဂိုးလား ၊ ၅ ဂိုးလား ဆိုတာပါပဲ ။ဒီပွဲက တလမ်းသွား လမ်းကို မောင်းရသလိုမျိုးပါ ။ အခြား ဘာရလဒ်ကိုမှ စဉ်းစား စရာ မလိုပါဘူး။ဒါဟာ မန်စီးတီး တို့ ကစားနေတဲ့ ပုံစံ ကြောင့်ပါပဲ။သူတို့ ကစားတာ အရမ်းအရမ်းကို ကောင်းပါတယ်။အထူးသဖြင့် တိုက်စစ် ကစားပုံပါ။လိုက်ပ်ဇစ် နဲ့ ပွဲမှာ ပြန်ပါ ခဲ့တဲ့ ဒီဘရိုင်းနား လည်း ဒီပွဲမှာ ဆက်ပြီး ပါဦးမှာပါ။ဆောက်သမ်တန် အတွက် ကတော့ ဂိုးများများ မပေးရဖို့ မျှော်လင့် ရုံပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ၊ မန်စီးတီး ၄ – ၀ ဆောက်သမ်တန်

၃ ။ လီဗာပူး – ခရစ္စတယ် ပဲလေ့စ်

အေစီမီလန် နဲ့ ကစားတဲ့ ချန်ပီယံလိဂ် ပွဲရဲ့ အစ ၁၅ မိနစ်မှာ လီဗာပူး တို့ အရမ်းကောင်းခဲ့ ပါတယ်။အဲ့ဒိ နောက်မှာတော့ ပင်နယ်တီ မဝင်မှု နဲ့ အတူ ပထမပိုင်း အပြီး မှာ ၂ – ၁ နဲ့ ပြန်ရှုံး နေခဲ့ ပါတယ်။ဗန်ဒိုက် ကို အနားပေး ထားတာကြောင့် သူတို့ နောက်တန်း ကစားပုံက အားရစရာ သိပ်မရှိခဲ့ ပါဘူး။ဒါပေမယ့် ဒီပွဲ မှာတော့ ဗန်ဒိုက် ပြန်ပါလာ မှာပါ။လီဗာပူး ရှေ့တန်းက အဖြုန်းများ ပါတယ် ။ လိဒ်နဲ့ ပွဲတုန်းက ဆိုရင် ၇-၀ လောက်နဲ့ သူတို့ နိုင်ခဲ့ရမှာပါ။ပဲလေ့စ် ကတော့ စပါး နဲ့ ပွဲမှာ ဒီရာသီ ပထမဆုံး နိုင်ပွဲ ကို ရခဲ့ ပါတယ်။ဒီအတွက် သူတို့ စိတ်ဓါတ် တက်ကြွ နေမှာပါ။ဒါပေမယ့် ဒီလောက်နဲ့တော့ လီဗာပူး ဆီက အမှတ် ခွဲယူဖို့ မဖြစ်နိုင်ပါဘူး။မာဆင် ကတော့ လီဗာပူး က ပဲလေ့စ် ကို ၃ – ၀ နဲ့ အနိုင် ကစား သွားမယ်လို့ ခန့်မှန်း ပေးခဲ့ ပါတယ် ။

၄ ။ ဝက်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက်

တကယ်လို့ အန်တိုနီယို သာ ပါခဲ့မယ် ဆိုရင် ကျွန်တော် ဝက်စ်ဟမ်း ဘက်က နေမိမှာပါ ။ဒါပေမယ့် အခု သူမပါ နိုင်တော့ပါဘူး ။ ဒါကို ဝက်စ်ဟမ်း ဘယ်လို ဖာထေး နိုင်မလဲ ဆိုတာ စိတ်ဝင်စား မိပါတယ်။မန်ချက်စတာ ယူနိုက်တက် ကစားပုံက အကောင်းကြီး မဟုတ်သေး ပါဘူး။အဆင့် ၁ မှာ ထိုင်နေတယ် ဆိုပေမယ့် သူတို့ မှာအားနည်းချက် တွေ ရှိနေသလို ကံဖေးမမှုတွေ လည်း ပါခဲ့ ပါတယ် ။ဝုဗ် နဲ့ ပွဲမှာ ဆိုရင် သူတို့ ကံကောင်းခဲ့တာပါ။နယူးကာဆယ် နဲ့ ပွဲမှာလည်း သူတပြန် ကိုယ်တပြန် အချိန်တွေ ရှိခဲ့ ပါတယ်။ယန်းဘွိုင်း နဲ့ ပွဲကတော့ ဆိုးရှား ကိုရော အသင်းသားတွေကိုပါ သတိပေး ခေါင်းလောင်း ထိုးလိုက်တာပါပဲ။ဒီပွဲ ကတော့ အန်တိုနီယို မပါနိုင်တာဟာ ဝက်စ်ဟမ်း ကို ပေးဆပ် ရစေမှာပါ

မာဆင် ကတော့ ဝက်စ်ဟမ်း ၀ – ၁ မန်ယူနိုက်တက် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၅ ။ တော့တင်ဟမ် ဟော့စပါး – ချဲလ်ဆီး

ရလဒ်ကို တန်းပြောမယ် ဆိုရင်တော့ ချဲလ်ဆီး နိုင်ဖို့က လွဲပြီး အခြား အခြေအနေကို ကျွန်တော် မမြင် မိပါဘူး။စပါး အတွက် ပြောရရင်တော့ သူတို့ ခုချိန်မှာ တည်ငြိမ်အောင် တည်ဆောက် နေရတုန်း ပါပဲ ။

မန်စီးတီး ကို အနိုင်ယူပြီး စဖွင့် နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ မတည်မငြိမ် ဖြစ်ပြီး ရလဒ်တွေယိမ်းယိုင် လာတာ အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ။ချဲလ်ဆီး ကတော့ တူချယ် ရောက်လာပြီး နောက်ပိုင်းမှာ ဘယ်သူကမှ စိန်မခေါ် ချင်တဲ့ အသင်း ဖြစ်လာခဲ့ပါပြီ။ဇင်းနစ် နဲ့ ကစားတဲ့ ပွဲကို ကျွန်တော် ကြည့်ခဲ့ ပါတယ် ။ လူကာကူ အခွင့်အရေး အများကြီး မရခဲ့ ပါဘူး ။ဒါပေမယ့် သူ ဂိုးရအောင် သွင်းပေးခဲ့ ပါတယ် ။ အနိုင်ဂိုး ပါ။ချလ်ဆီး တို့ မနှစ်က လိုအပ် နေတာကို အမှန်အကန် ရှာတွေ့ ခဲ့ပြီလို့ ပြောရမှာပါပဲ။အခုလည်း လူကာကူ က ဒီပွဲ ရဲ့ အဖြေကို ထုတ်ပေး သွားဦးမှာပါ ။

 

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ စပါး ၁ – ၂ ချဲလ်ဆီး ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၆ ။ နယူးကာဆယ် ၂ – ၂ လိဒ်ယူနိုက်တက်

၇ ။ ဝုဗ် ၂ – ၀ ဘရန့်ဖိုဒ့် ၊၈ ။ နောဝှစ်ချ် ၁ – ၂ ဝက်ဖိုဒ့် ၊၉ ။ အက်စတွန် ဗီလာ ၂ – ၂ အဲဗာတန် ၊၁၀ ။ ဘရိုက်တန် ၁ – ၁ လက်စတာ စီးတီး

Crd:SPORTS MYANMAR