Sports

လိဂ်ဖလားကထွက်ခဲ့ရတာမေ့ပစ်ပြီး လက်ကျန်ပြိုင်ပွဲများကို အာရုံစိုက်ရန် ဆိုးရှားတိုက်တွန်း

ကရာဘောင်လိဂ်ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကိုမေ့ထားပြီး လက်ကျန်ပြိုင်ပွဲတွေအပေါ် အာရုံစိုက်ဖို့လိုတယ်လို့ နည်းပြဆိုးရှားက ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ဝက်စ်ဟမ်းနဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

တစ်ရာသီကာလကရှည်လျားပြီး ပြိုင်ပွဲတွေကလည်း များတာကြောင့် ကြိုးစားမှုကို ဆက်ထိန်းဖို့လိုကြောင်း၊ ကရောဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာက စိတ်ပျက်စရာဖြစ်ပေမဲ့ ရှုံးပွဲကိုမေ့ထားပြီး လာမဲ့ပွဲစဉ်တွေအပေါ် အာရုံစိုက်ဖို့လိုကြောင်း နည်းပြဆိုးရှားက ပွဲအပြီးမှာ ပြောခဲ့တာပါ။

“ပွဲအစပိုင်းမှာ ကစားပုံနှေးကွေးခဲ့ပြီး ပြင်းပြတဲ့ စိတ်ဓာတ်လည်းမရှိခဲ့ကြပါဘူး။ သူတို့ဂိုးရပြီးနောက်ပိုင်းတော့ ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။ ၂၇ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးမရခဲ့တော့ အချက်အလက်က အလကားပါပဲ။ ဂျက်ဆီလင်ဂတ်ကို ဖျက်ထုတ်မူအပေါ် သိပ်မပြောချင်ပေမဲ့ အဲဒါက ပင်နယ်တီပေးရမှာပါ။”

မန်ယူအသင်းဟာ လာမယ့်စနေနေ့ အက်စ်တွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားရမှာဖြစ်ပါတယ်။

Credit