Sports

ရော်နယ်ဒို ပိုင်ဆိုင်ခွင့်မရှိတဲ့ ရွှေဖိနပ်ဆုဖြစ်နေကြောင်းသုံးသပ်လာတဲ့ -အာဆင်နယ်ဂန္တဝင် ကွင်းလယ်လူဟောင်း ရေးပါလာ

ရော်နယ်ဒို ပိုင်ဆိုင်ခွင့်မရှိတဲ့ ရွှေဖိနပ်ဆုဖြစ်နေကြောင်းသုံးသပ်လာတဲ့ -အာဆင်နယ်ဂန္တဝင် ကွင်းလယ်လူဟောင်း ရေးပါလာ

ဒီရာသီ ပရီးမီးယားလိဂ် ဆုဖိနပ်ဆု အတွက် မန်ချက်စတာ ယူနိုက်တတ် တိုက်စစ်မှုး ရော်နယ်ဒို ၊ ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ၊ စပါး ဟယ်ရီကိန်း ၊ လီဗာပူး ဆာလာ တို့ကို ခန်းမှန်းနေကြတာဖြစ်ပါတယ် ၊ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ လူကာကူကတော့ ဂိုးတွေ ဆက်တိုက်သွင်းယူနေပါတယ်။

ရွှေဖိနပ်ဆုနဲ့ပတ်သက်ပြီတော့ အဓိက တိုက်စစ်မှူး နှစ်ဦးကို နှိုင်းယှဥ်လိုက်ကာ ၊ ထို့တိုက်စစ်မှူး နှစ်ကတော့ ရော်နယ်ဒိုနဲ့ ဆာလာတို့ပဲဖြစ်ပါတယ် တိုက်စစ်မှုး ရော်နယ်ဒိုဟာ ဆုဖိနပ်ဆု ရယူဖို့ဆိုတာ လီဗာပူးတိုက်စစ်မှူး ဆာလာကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ် ကွင်းလယ်လူဟောင်း ရေးပါလာက ပြောဆိုလာပါတယ်။

ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ် ပွဲစဥ် ၅ အပြီးမှာ ၂ပွဲကစားထားကာ ၃ဂိုးထိရယူနိုင်ခဲ့ပါတယ် ၊
ဆာလာကတော့ ပွဲစဥ် ၅ ထိကစားခဲ့အပြီးမှာ သွင်းဂိုး လေးဂိုး ရယူထားနိုင်ခဲ့ပါတယ် ၊ ရေးပါလာကတော့ ဆာလာဟာ ရော်နယ်ဒိုထက် ပို၍ သွင်းဂိုးတွေ ဝေဆာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတဲ့ ကြံခိုင်ပြည့်ဝနေတဲ့ တိုက်စစ်မှုး လို့ဆိုပါတယ်။

ရော်နယ်ဒိုကတော့ အသက်အပိုင်းခြားအရ ပွဲစဥ်တိုင်း ပါလာဖို့ဆို မလွယ်ကူကြောင်းနဲ့ တကယ်လိုသာ ပွဲစဥ်တိူင်း ပါဝင်လာခဲ့မယ်ဆိုရင်တော့ အသက်အရွယ်အရ အံသြဖို့ ကောင်းတဲ့ တိုက်စစ်မှုး တစ်ဦးဖြစ်တယ်လိူ့ သုံးသပ်ပြောဆိုရင် ရွှေဖိနပ်ဆိုအတွက် အဓိက တိုက်စစ်မှူး နှစ်ဦးမှာ ဆာလာကပဲ ဂိုးအရေးအတွက်နည်းနည်းနဲ့ ရော်နယ်ဒိုထက်သာနေမှာ သေချာနေကြောင်း ပြောဆိုခဲ့ပါတယ်။

:Ref