Sports

အရှုံးမရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တတ် နဲ့ ဒုက္ခလှလှ​ကြီးပေးတတ်တဲ့ အန်စတွန်ဗီလာတို့ရဲ့ ၊ ပရီးမီးယားလိဂ် ပွဲစဥ် (၆ ) ခန်းမှန်း…..

ပရီးမီးယားလိဂ် ပွဲစဥ် ၆ လာမည့် စနေနေ့မှာ စတင် ယှဥ်ပြိုင်ကစားကြမှာလည်းပါတယ် ၊ ပွဲစဥ် ၆ရဲ့ မန်ချက်တာယူနိုက်တတ်အသင်းကတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စတွန်ဗီလာကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။ပွဲချိန်အနေနဲ့ စနေနေ့ ညနေ ၆နာရီမှာ စတင်ကစားကြမှာဖြစ်ပါတယ်။

ထို့ပွဲစဥ်နဲ့ပတိသက်ပြီး သုံးသပ်သူ လော်ရိုးကလည်း ခန့်မှန်းချက်တွေနဲ့ လာမည့်ပွဲအတွက် ရလဒ်ဆိုး ရလဒ်ကောင်းတွေကို ပြောဆိုသုံးသပ်တင်ဆက်လာခဲ့ပါတယ်။

လော်ရိုးကတော့ “မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ ပုံမှန် ခြေစွမ်းနှုန်းထားအရ အရမ်းအားနည်းပါတယ် ၊ ခြေစွမ်းပိုင်း အခြေအနေက ထိန်းသိမ်းထားတဲ့ အနေထားမှာ မျက်စိမကျလောက်ပါဘူး ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဥ်ဆိုလည်း နောက်ဆုံးပိတ်မှာ လင်ဂတ်ရဲ့ သွင်းဂိုးကနေ အနိုင်ဂိုးအဖြစ်ရခဲ့ပေမယ့် နောက်ပယ်နယ်တီသာ ခွင့်ပြုရမယ်ဆို သရေလဒ်နဲ့ အဆုံးသတ်နေခဲ့ရမှာဖြစ်ပါတယ် ၊ ဒါပေမယ့် ယူနိုက်တတ် အသင်းဟာ မမျှော်လင့်တဲ့ ရလဒ်မျိုး ယူဆောင်လာနိုင်ပါတယ်။

အန်စတွန်ဗီလာကတော့ ပြီးခဲ့တဲ့ ပွဲစဥ်မှာ အဲဗာတန်ကို ဒုက္ခလှလှကြီးပေးကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သလို့ အစောပိုင်း ပွဲစဥ်ဖြစ်တဲ့ ချဲလ်အသင်းနဲ့ ပွဲစဥ်မှာလည်း ခက်ခဲစေတဲ့ ကစားဟန်တွေနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။

လော်ရိုးရဲ့သုံးသပ်ခန်းမှန်းအရ မန်ချက်စတာ ယူနိုက်တတ်အသင်းကပဲ ရလဒ်ကောင်းနဲ့ အိမ်ကွင်းမှာ ၂လုံးအသာနဲ့ အနိုင်ရယူအုံးမှာဖြစ်ပါတယ်။

လောရိုးခန်းမှန်း ၊ မန်ယူ ၂ – ၀ အန်စတွန်ဗီလာ