Local News

ပရီးမီးယားလိဂ် ပွဲစဥ် (၆)အတွက် ခန့်မှန်းချက်များ…

ဒီတပတ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ ထိပ်တိုက် တွေ့တဲ့ အပြင်စပါး နဲ့ အာဆင်နယ် တို့ရဲ့ လန်ဒန် ဒါဘီ ၊ ဗီလာ နဲ့ မန်ယူနိုက်တက် ၊ လိဒ် နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပွဲစဉ်တွေ ကလည်းပရိသတ်တွေ ရဲ့ ပိတ်ရက်တွေ ကို အချိန်ကုန်ရ ထိုက်တန်အောင် ပြုလုပ်ပေးမှာ အသေအချာပါပဲ ။

ဒါကြောင့် ဒီတပတ် မှာ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ ချဲလ်ဆီး – မန်ချက်စတာ စီးတီး

ပွဲစဉ် ၆ မှာတော့ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ပွဲတခု ကို ထပ်ပြီး မြင်ရ ပြန်တော့မှာပါ ။စီးတီး အတွက်တော့ လွန်ခဲ့တဲ့ ၃ လ ကျော် ၊ ၄ လ အတွင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို ပြန်ပြီး အမှတ်ရချင် စရာပါပဲ ။ချဲလ်ဆီး ဟာ ရှေ့လယ်နောက် ၃ နေရာစလုံး ဟန်ချက်ညီ အားကောင်းနေပြီး ဂိုးသမား ကလည်း ကီပါ ရော မန်ဒီ ပါ လက်စွမ်းပြလို့ နေပါတယ် ။

မန်စီးတီး မှာတော့ အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး မပါတာကြောင့် ဖန်တီးမှုတွေ ကို အကောင်းဆုံး အသုံးချနိုင်မှု အားနည်းနေခဲ့ ပါတယ် ။ ရှေ့ ပွဲတွေ တုန်းက ဖန်တီးမှုတွေ အများကြီး လုပ်နိုင်ပေမယ့်ချဲလ်ဆီး နဲ့ လို ပွဲမျိုး မှာတော့ အကြိမ်အများကြီး ရနိုင်မှာ မဟုတ်ပါဘူး ။ချဲလ်ဆီး ဘက်ကလည်း အတူတူပဲ ဖြစ်မှာပါ ။ဒီနေရာမှာ ဘယ်သူက အမှားပိုလုပ်မိ မလဲ ၊ ဘယ် အသင်းက အဆုံးသတ် ပိုကောင်းမလဲ ဆိုတာက အရေးကြီး လာခဲ့ပါပြီ ။

ဂျွန်စတုန်း နဲ့ လာပေါ့တ် တို့ နာနေတာကြောင့် ဒီယာ့ဇ် နဲ့ အကီ တို့ကို ဂွာဒီယိုလာ ရွေးချယ် ရတော့မှာပါ ။သူတို့ ၂ ယောက်က ချဲလ်ဆီး ရှေ့တန်း ကို ထိန်းနိုင်ပါ့မလား ဆိုတာ စိတ်ဝင်စား စရာပါပဲ ။အသင်းကြီး ၂ သင်းတွေ့တာ ဖြစ်လို့ ဘယ်သူ နိုင်မလဲ ပြောရခက်ပါတယ် ။ သရေရလဒ်က ၂ ဘက် စလုံး ကျေနပ်လောက်မယ့် အဖြေဖြစ်ချင် ဖြစ်နေမှာပါ ။

ခန့်မှန်းချက် – ချဲလ်ဆီး ၁ – ၁ မန်စီးတီး

၂ ။ မန်ချက်စတာ ယူနိုက်တက် – အက်စတွန် ဗီလာ

ဆိုးရှား အနေနဲ့ ၂ ပွဲဆက် မျက်နှာ ပျက်ခံမှာတော့ မဟုတ်ပါဘူး ။ဝက်စ်ဟမ်း ကို ရှုံးနိမ့်တဲ့ ကာရာဘောင် ပွဲမှာ ဆိုးရှား ရဲ့ ဖေးဘရိတ် တသင်းလုံး အနားပေး ထားပြီး ဘရူနို ဖာနန်ဒက်စ် တယောက်သာ လူစားဝင် ကစားသွားခဲ့ ပါတယ် ။

ဒီပွဲမှာတော့ အဲ့ဒိလူတွေ အကုန် ပြန်ပါလာကြမှာပါ ။ဗီလာ ဘက်မှာလည်း ကွင်းလယ်လူ မက်ဂင်း က လွဲရင် ကျန်တဲ့ ကစားသမားတွေ အစုံအလင် ပါဝင်လာဖို့ အလားအလာ ရှိနေပါတယ် ။ယူနိုက်တက် တို့ လူစုံရင် ဂိုးရဖို့ မခက်ပါဘူး ။ ရိုနယ်ဒို ကလည်း ပြန်ရောက်လာကတည်းက ဝင်ကစားတဲ့ ပွဲတိုင်း

ဂိုးသွင်းပေး နေခဲ့တာပါ ။ ဒီည အတွက် မေးခွန်းက ယူနိုက်တက် ဘယ်နှဂိုး သွင်းမှာလဲ ဆိုတာပါပဲ ။ဗီလာ တိုက်စစ်က အိုလီ ဝက်ကင်း ၊ ဒန်နီအင်စ့် ၊ ဘွမ်ဒီယာ တို့ကလည်း ယူနိုက်တက် ခံစစ် ကို ပွဲချိန် တလျောက်လုံး ခြိမ်းခြောက်နေမှာပါ ။

ဗီလာရဲ့ ကစားအားက အရမ်းကောင်းပါတယ် ။ ဒါကို ယူနိုက်တက် ဘက်က ခုခံ နိုင်မယ် ဆိုရင်တော့ အဆုံးသတ်မှာ အိုလေ တယောက် မျက်နှာပန်း လှမှာပါ ။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂ – ၁ ဗီလာ

၃ ။ ဘရန့်ဖိုဒ့် – လီဗာပူး

ဒီနှစ် တန်းတက် အသင်းတွေထဲမှာတော့ ဘရန့် ဖိုဒ့် က ပုံစံ အကောင်းဆုံး ပြနေပါတယ် ။သူတို့ရဲ့ ပွဲတွေကို ကြည့်မယ် ဆိုရင် ဖျော်ဖြေမှု ပေးတဲ့ ကစားပုံထက် ရလဒ် အတွက် အဓိက ထားပြီး ကစားသွားတာကို တွေ့မြင်ရမှာပါ ။

လိုအပ်ရင် အိမ်ကွင်းမှာလည်း ခံစစ်အထိုင်ချပြီး ပိတ်ဆို့ ကစားဖို့ ဝန်မလေးပါဘူး ။ဒါပေမယ့် ဒီတပွဲ ကတော့ သူတို့ လီဗာပူး ဆီက အမှတ်ခွဲယူဖို့ ဆိုတာ မဖြစ်နိုင်လောက်အောင် ပါပဲ ။

ဖလားလုဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ ရင်ဆိုင် တွေ့ကြတဲ့ ရက်သတ္တပတ်မှာ ၃ မှတ် အပြည့်မယူနိုင်ဘူး ဆိုရင် ယာဂင် ကလော့ နဲ့ လီဗာပူးတို့ ညံ့ရာ ကျသွားမှာပါ ။မိုဟာမက် ဆာလာ ဂိုးသွင်းအား ကောင်းနေတဲ့ လီဗာပူးပဲ ဂိုးသိပ်မများဘဲ အနိုင်ရသွားနိုင်ပါတယ် ။

ခန့်မှန်းချက် – ဘရန့်ဖိုဒ့် ၀ – ၂ လီဗာပူး

၄ ။ အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး

အာဆင်နယ် ရဲ့ နိုင်ပွဲ ရမှုတွေ နဲ့ အတူ မီကေး အာတီတာ တယောက် အသက်ရှူချောင်လာ ခဲ့ပါပြီ ။ဘယ်ပွဲမှာ ဘယ်ကစားသမားတွ ကို သုံးရမလဲ ဆိုတနဲ့ ပတ်သက်ပြီး အာတီတာ ပိုသိလာပြီလို့ ဆိုရမှာပါပဲ ။

အဲ့လိုမှ မဟုတ်ရင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာ ပေးဂိုးမရှိ နဲ့ အနိုင် ရခဲ့မှာ မဟုတ်ပါဘူး ။စပါး ကတော့ ကြားရက် မှာ ဝုဗ် ကို ပင်နယ်တီ အထိ ကစားပြီး ကာရာဘောင် ဖလားမှာ နောက်တဆင့် တက်ခဲ့ ပါတယ် ။

တိုက်စစ်ပိုင်းက ဂိုးသွင်း နိုင်ပေမယ့် ခံစစ်ကလည်း ဂိုးတွေ ပေးခဲ့ရ ပါတယ် ။ဒီပွဲမှာလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ ။ ၂ သင်းစလုံးက ဂိုးသွင်း တတ်သူတွေ ရှိတာကြောင့် ဂိုးရကြမှာပါပဲ ။ဘယ်သူက ပိုသွင်း နိုင်မလဲ ဆိုတာက အဖြေဖြစ်သွားမှာပါ ။

ခန့်မှန်းချက် – အာဆင်နယ် ၂ – ၁ စပါး

အခြားပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –

၅ ။ အဲဗာတန် ၁-၂ နောဝှစ်ချ်

၆ ။ လိဒ် ၁ – ၃ ဝက်စ်ဟမ်း

၇ ။ လက်စတာ ၁-၂ ဘန်လေ

၈ ။ ဝက်ဖိုဒ့် ၁ – ၁ နယူးကာဆယ်

၉ ။ ဆောက်သမ်တန် ၁ – ၁ ဝုဗ်

၁၀ ။ ပဲလေ့စ် ၁ – ၁ ဘရိုက်တန်

Crd – SPORTS MYANMAR