Sports

ရှင်းရှင်းလင်းလင်းသိခဲ့ရတဲ့ ရော်နယ်ဒိုနဲ့ ဆိုးလ်ရှားကြားက နားလည်မှု အလွဲကြီးတစ်ခု

ရိုနယ်ဒို ဟာ အထောင်တိုက်စစ်မှူး နေရာမှာ ကစားလေ့ ရှိသူ မဟုတ်တာကြောင့် ဒီနေရာနဲ့ မကိုက်ညီကြောင်းနယူးကာဆယ် နဲ့ ပွဲမှာ ကတည်းက ရေးခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဆိုးရှား ကတော့ သုံးဆဲ ပါပဲ ။ရိုနယ်ဒို ရဲ့ အဓိက ပြဿနာ က တိုက်စစ်မြားဦးမှာ အမြဲ ရှိမနေတာပါ ။

နောက်တန်း အထိ ဆင်းကူတာက လူကြားလို့ ကောင်းပေမယ့် တကယ်တမ်း ယူနိုက်တက် ဘက်က တန်ပြန် တိုက်စစ် ဆင်လာချိန် မှာတော့ တိုက်စစ်မြားဦးမှာ ရိုနယ်ဒို ရှိမနေတာ ကို မကြာခန တွေ့ခဲ့ရပါတယ် ။
ရိုနယ်ဒို ဟာ ဘယ်တောင်ပံ နဲ့ ညာတောင်ပံတွေမှာ ပေါ့ဘာ ၊ ဂရင်းဝုဒ် တို့နဲ့ သွားထပ်နေပြီး အဲ့ဒါက တောင်ပံ ကစားသမားတွေ ကို ရှေ့ဆက် ဆွဲရမလား ၊ ရိုနယ်ဒို ကို ပေးပြီး အတွင်းကို ဝင်ရမလားဆိုတဲ့ အပေါ် ဒွိဟ ဖြစ်စေခဲ့ ပါတယ် ။

အထူးသဖြင့် တိုက်စစ်မှူး မဟုတ်တဲ့ ပေါ့ဘာ ဟာ ရိုနယ်ဒို သူ့ဘက်ခြမ်းကို ပြေးလာချိန်မှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်ခဲ့ရတာကို တွေ့မြင်ခဲ့ရ ပါတယ် ။တကယ်လို့ ဆိုးရှား အနေနဲ့ ရိုနယ်ဒို ကို သုံးချင်တယ် ဆိုရင် ကာဗာနီ ကိုထည့် ၊ ရိုနယ်ဒို ကို ဘယ်တောင်ပံ ပို့ပြီး ပေါ့ဘာ ကို ကွင်းလယ် မှာ ထားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။

ဒါဆိုတော့ မန်ယူအသင်းဟာ ၄-၃-၃ ကစားကွက်ကို အသုံးပြုလို့ရနိုင်ပြီး ကာဗာနီကတော့ အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်လို့ မန်ယူအသင်းရဲ့ ကစားကွက်ကိုပိုအဆင်ပြေပါစေလိမ့်မယ်။ ဆိုးလ်ရှားအနေနဲ့ လူတိုင်းသိနေတဲ့ ၄-၂-၃-၁ ကစားကွက်ကို လူတောင်ပြောင်းမသုံးပဲ ပွဲတိုင်းအသုံးပြုနေတာဟာ ပြိုင်ဘက်အသင်းတွေအတွက် ခန့်မှန်းရလွယ်ကူနေပြီး အလွယ်တကူ ကောင်တာကစားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီရောက်တဲ့အသင်းတိုင်းမှာ ပင်နယ်သီနဲ့ ဖရီးကစ်တိုင်းကို ဒိုင်ခံကန်ရပါတယ်။ဒါပေမယ့် မန်ယူမှာတော့ ဖာနန်ဒတ်ကိုပဲ ဦးစားပေးခဲ့ပြီး ပထမဆုံး ဖရီးကစ်နဲ့ ပင်နယ်သီကို ဖာနန်ဒတ်ကပဲကန်သွင်းခဲ့ပါတယ်။ ဒုတိယမြောက် ဖရီးကစ်ကိုတော့ ရော်နယ်ဒိုကပဲ ကန်သွင်းခဲ့ပါတယ်။

ဖာနန်ဒတ်ကို နောက်ပွဲတွေမှာ ပင်နယ်သီကို ကန်ခိုင်းဖို့ အသင်းဖော်တွေက ဆန္ဒရှိတယ်လို့ သိရပါတယ်။နောက်တစ်ပွဲကတော့ သေချာပေါက်ပေးကန်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခုပွဲမှာ ပင်နယ်သီလွဲထားတာကြောင့်နောက်ပွဲမှာ ပေးမကန်ရင် ဖာနန်ဒတ်အနေနဲ့ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။ဖာနန်ဒန်ဟာ မန်ယူအသင်းမှာ ပင်နယ်သီ ၂၀ ကျော်ကန်သွင်းပြီး ၂လုံးသာလွဲချော်ထားတာပါ။

ဒါပေမယ့် ရော်နယ်ဒိုရောက်ရှိလာချိန်မှာတော့ တိုက်စစ်မှူးစစ်စစ်ဖြစ်တဲ့ ရော်နယ်ဒိုကို ပင်နယ်သီပေးကန်သင့်ပါတယ်။ တိုက်စစ်မှူးတွေဟာ သွင်းဂိုးတွေရမှ ယုံကြည်မှုပိုမြင့်လာပြီး ဂိုးတွေ မြူးလာလေ့ရှိပါတယ်။ ရော်နယ်ဒိုဟာ ရောက်လေရာမှာ အဆုံးအဖြတ်ပင်နယ်သီတွေကို အဓိက ကန်သွင်းသူဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ရော်နယ်ဒိုကို ဦးစားပေးဖို့ အကြံပေးပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းအတွက် ၄ပွဲကစား ၄ဂိုးအထိသွင်းယူထားပြီး အသင်းသားတွေနဲ့ အမြန်ဆုံးနားလည်မှုရရှိခဲ့ပါတယ်။ ပေါ်တူဂီမှာ သိပ်ပြီးအတွဲမညီခဲ့တဲ့ ဖာနန်ဒတ်နဲ့ရော်နယ်ဒိုဟာ မန်ယူမှာတော်တော်လေးအတွဲညီနေပြီး ဖာနန်ဒတ်ဟာ ဗီလာနဲ့ပွဲတုန်းက အခွင့်အရေး ၁၀ ကြိမ်အထိ ဖန်တီးပေးထားနိုင်ပါတယ်။ မန်ယူအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ ဒဏ်ရာရခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ ဗီလာရီးရဲ နဲ့ ချန်ပီယံလိဂ် ဒုတိယပွဲမှာ ဘယ်လို လူစာရင်းနဲ့ထွက်လာမလဲ စိတ်ဝင်စားစရာပါ။

crd-HH