Sports

ဆန်ချို ဘာကြောင့်ရုန်းကန်နေရတာလဲဆို ပြောပြခဲ့တဲ့ ဒေါ့မွန် CEO

မန်ယူအသင်းဟာ နွေရာသီမှာ ပေါင်းသန်း၁၅၀နီးပါးသုံးခဲ့ပြီး ကမ္ဘာ့အဆင့်ကစားသမား ၃ယောက်ကို ခေါ်ယူခဲ့ပါတယ်။ရော်နယ်ဒိုနဲ့ဗာရန်းလို အတွေ့အကြုံကြွယ်ဝပြီး ဖလားတွေ ရနေကျ ကစားသမားကောင်းတွေခေါ်ခဲ့သလို ဆန်ချိုလို ဒေါ့မွန်အသင်းနဲ့အတူတောက်ပစ ပြုနေတဲ့ ကြယ်ပွင့်ကစားသမားလေးကိုလည်း ခေါ်ယူခဲ့ပါတယ်။

ဆန်ချိုကို မနှစ်ကတည်းက ဆိုးလ်ရှားအသည်းအသန်လိုချင်နေတာဖြစ်ပြီး စျေးများလွန်းလို့ တစ်နှစ်ထပ်စောင့်ခဲ့ရတာဖြစ်ပါတယ်။ဒီနှစ်မှာတော့ ဆန်ချိုကို အရခေါ်ခဲ့ပြီး မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်ကတော့ မကိုက်ခဲ့ပဲ ဆန်ချိုဟာ မန်ယူအသင်းနဲ့အတူ ၃၂၈မိနစ်အထိကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှမလုပ်နိုင်ခဲ့တဲ့အထိ ရုန်းကန်နေရပါတယ်။

 

ဒေါ့မွန်အမှုဆောင်အရာရှိချုပ် Watzke က“ ငါ Jadon Sancho ကိုချစ်တယ်။ သူကစားနေတာကိုမြင်ရတဲ့အခါမျက်လုံးထဲမှာမျက်ရည်တွေကျလာတယ်။ သူကရုန်းကန်ရတယ်လို့ကြားရရင်ငါ့ရဲ့စိတ်ကိုနာကျင်စေတယ် ။ သူ့ပြဿနာကသူကအင်္ဂလန်လက်ရွေးစင်အသင်းနဲ့မပါခဲ့ရတာလို့ထင်တယ်။ ” လို့ပြောခဲ့ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ဟာလန်းနဲ့အတွဲအဖက်ညီစွာ သွင်းဂိုးတွေဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဆန်ချိုက ဒေါ့မွန်အတွက် ၅၄ဂိုးသွင်းကာ ၆၇ဂိုးအထိ ဖန်တီးပေးထားနိုင်ပါတယ်။ဒါပေမယ် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရပြီး မန်ယူအသင်းရဲ့ ပွဲထွက်ကစားသမားတောင်မဖြစ်သေးပါဘူး။အဂ်လန်အသင်းနဲ့ အီတလီအသင်းတို့ ယှဥ်ပြိုင်တဲ့ ယူရို ဖိုင်နယ်မှာလည်း နောက်ဆုံးမိနစ်မှာဝင်လာပြီး ပင်နယ်သီလွဲချော်ခဲ့တာကြောင့်လည်း ခြေစွမ်းကျဆင်းနေတာဖြစ်ပါတယ်။ ဆန်ချိုဟာ အဂ်လန်အသင်းအတွက်လည်း ပွဲထွက်ကစားသမားမဖြစ်ခဲ့တာကြောင့် ယုံကြည်မှုနည်းသွားပုံပေါ်ပါတယ်။

crd-HH