မန္တလေးက ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို ဖျက်ဆီးနေကြတဲ့ ရုပ်သံ ဗီဒီယိုဖိုင်

မန္တလေး ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းထဲက ဒေါ်အောင်ဆန်းစုကြည်ရုပ်တု ဖျက်ဆီးခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်မှာ စိုက်ထူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကို အောက်တိုဘာလ (၁၄)ရက် မနက် လေးနာရီကျော်အချိန်က ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

မဟာအောင်မြေမြို့နယ် ၅၅ လမ်း၊ ၄၀ × ၄၁ လမ်းကြားရှိ ကျောင်းအရှေ့ကို ကားတွေရောက်လာပြီး ကျောင်းဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ကာ လူ (၃၀)ဦးခန့်က ဖျက်ဆီးခဲ့တာလို့ ကျောင်းတိုက်နဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။

” စုစုပေါင်း တစ်မိနစ်လောက်ပဲ ကြာသွားတယ်၊ သူတို့က တုတ်တွေ ဓားတွေနဲ့ ဝင်လာပြီး လုပ်သွားကြတာ၊ အပေါ်ပိုင်း အင်္ကျီဗလာတွေနဲ့လို့ သိရတယ်၊ ကြိုတင်ကြံစည်ထားတဲ့သဘောပဲ၊ လုပ်ပြီး ပြေးသွားကြတယ် အပြင်မှာက ကားတွေက အသင့်စောင့်နေတာ ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၃)နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ၅ ပေ ၄ လက်မ အမြင့်ရှိတဲ့ ပုံတူအင်္ဂတေရုပ်တုကို ၂၀၁၈ ခုနှစ်ဇွန်လမှာ စ်ုက်ထူခဲ့တာလို့ သိရပါတယ်။

News Credit – MFP






News Credit – MFP